သာယာဝတီ ဒီဇင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ကြံစိုက်ပျိုးမှု (၃၈၀)ဧက စိုက်ပျိုးထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သာယာဝတီမြို့နယ်အနေဖြင့် ဂရန်သာယာအေးကျေးရွာအုပ်စုတွင် ကြံစိုက်ဧက (၃၈၀)ဧကတွင် K-9584 ကြံမျိုးများကို စိုက်ပျိုးခဲ့သည်။ ယခုနှစ်တွင် ကြံထွက်တန်ချိန်ကောင်းမွန်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စိုက်နည်းစနစ်မှန်ကန်စေရေး၊ မြေသြဇာစနစ်တကျ သုံးစွဲတတ်စေရန် ကွင်းဝန်ထမ်းများနှင့်လိုက်လံ၍ နည်းပညာပေးဆောင်ရွက်ပေးလျက်ရှိပြီး စိုက်ပျိုးမြေ အနေအထားအရ တစ်ဧကလျှင် ကြံတန်ချိန်အထွက်နှုန်းမှာ(၂၅)တန်ထွက်ရှိမှု လျာထားသတ်မှတ်ကြောင်း၊ ယခင်နှစ်ကဆိုလျှင် ကြံချောင်းတစ်ချောင်းကို ၃၅၀ကျပ်၊ ၄၀၀ ကျပ်ရရှိခဲ့ပြီး ယခုနှစ်တွင် ၅၀၀ ကျပ်မှ ၆၀၀ကျပ်အထိမျှော်လင့်ကြောင်း၊ သာယာဝတီမြို့နယ်အနေဖြင့် ထွက်ရှိလာသော ကြံများကို ဥက္ကံသကြားစက်နှင့် ဒေသထွက်ကုန် ကြံသကာချက်လုပ်ငန်းများတွင် တင်ပို့ရောင်းချကြောင်း၊ ယခင်နှစ်ကထက်ပို၍ စိုက်ပျိုးထေားသောကြောင့် ကုန်ထုတ်လုပ်မှုပိုမိုမြင့်မားလာနိုင်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
သန့်ဇော်(ပြန်/ဆက်)