ကဝ ဒီဇင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ ဆောင်းသီးနှံစိုက်ပျိုးမည့် တောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေများအား ချေးငွေညွှန်ကြားချက်၊ စည်းမျဥ်းစည်းကမ်းများနှင့်အညီ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ကဝမြို့နယ်တွင် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းကစတင်၍တစ်ဧကလျှင် ငွေကျပ်(၁၀၀၀၀၀)နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိရာ ကျေးရွာအုပ်စု(၂၇)အုပ်စု၊ တောင်သူ(၂၅၈၁)ဦး၏ စိုက်ပျိုးမြေ(၁၇၈၁၅)ဧကအတွက် ငွေကျပ်(၁၇၈၁၅၀၀၀၀၀)သိန်း ထုတ်ချေးပေးပြီးဖြစ်၍ ကျန်ရှိသည့် ကျေးရွာအုပ်စုများရှိ ဆောင်းရာသီစိုက်ပျိုးစရိတ် ထုတ်ချေးမည့် တောင်သူများအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းအထိ ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)