ပြည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ပညာသင်နှစ် အခြေခံပညာ Grade-5 နှင့် Grade-9 သင်ကြား/သင်ယူမှု ထိရောက်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲ သင်တန်းဖွင့်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာ Grade-5 နှင့် Grade-9 သင်ကြား/သင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့် ဆွေးနွေးပွဲသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည်မြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။