မင်းလှမြို့၌ မူလတန်းဆင့်Grade-5 နှင့် အလယ်တန်းဆင့် Grade–9 သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲ ကျင်းပပြုလုပ်

မင်းလှ ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် Grade-5 နှင့် အလယ်တန်းဆင့် Grade-9 သင်ကြားသင်ယူမှု ထိရောက်ရေးအရည်အသွေးမြှင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီချိန်က အ.ထ.က မင်းလှ(မြို့တွင်း) ကျောင်းသပြေခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ကြည်ကြည်ချိုက ဆွေးနွေးပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များနှင့် ဆွေးနွေးပွဲတွင် လိုက်နာရမည့်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။

မူလတန်းဆင့် Grade-5 ဆွေးနွေးပွဲကို အ.ထ.ကမင်းလှ(မြို့ပြင်)ကျောင်း၌ ကျောင်းအုပ်ဆရာကြီး ဆရာမကြီး (၅၀)ဦးက နည်းပြအဖြစ်ဆွေးနွေးပို့ချပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၅၅)ကျောင်းနှင့် ဘ/က (၄)ကျောင်း စုစုပေါင်း (၁၅၉) ကျောင်းမှ မူလတန်း‌ကျောင်းအုပ်နှင့် မူလတန်းဆင့်ဆရာ/ဆရာမများ (၇၅၂) ဦး တတ်ရောက်လျက်ရှိသည်။

အလယ်တန်းဆင့် Grade-9 ဆွေးနွေးပွဲကို အ.ထ.ကမင်းလှ(မြို့တွင်း)ကျောင်း၌ ဆရာ/ဆရာမ (၁၇) ဦးက နည်းပြအဖြစ်ဆွေးနွေးပို့ချပြီး ကျောင်းပေါင်း(၂၇)ကျောင်းမှ အလယ်တန်းဆင့် ဆရာ/ဆရာမ (၂၂၁)ဦး တတ်ရောက်လျက်ရှိသည်။

အဆိုပါ‌ ဆွေးနွေးပွဲကို ဇန်နဝါရီ ၁၀ ရက်မှ ၁၃ ရက်နေ့ထိ နံနက် (၉) နာရီမှ နေ့လယ် (၄) နာရီချိန်ထိ Grade-5 နှင့်Grade-9 တန်းဘာသာရပ်များကို ဆွေးနွေးပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မြို့နယ်ပညာရေးမှူးနှင့် ဒုတိယမြို့နယ်ပညာရေးမှူးများ၊ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပေါက်စ (မင်းလှ)