ပန်းတောင်းမြို့နယ်တွင် မြို့နယ်အဆင့်(လယ်/မူ) ဆရာ/ဆရာမများအား ဘာသာရပ်မွမ်းမံသင်တန်း ဆွေးနွေးပွဲ ကျင်းပ

ပန်းတောင်း ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ဘာသာရပ်အလိုက် သင်ကြားမှုစွမ်းရည်နှင့် သင်ကြားမှုနည်းစနစ်များ ပိုမိုကျွမ်းကျင်လာစေရန်၊ သင်ကြားမှုလုပ်ငန်းများ စစ်ဆေးအကဲဖြတ်တတ်စေရန်၊ သတ်မှတ်ထားသော စံညွှန်းကိန်းများကို တတ်ကျွမ်းနားလည်တတ်စေရန်ရည်ရွယ်၍ မြို့နယ်အဆင့်အခြေခံပညာမူလတန်းနှင့် အလယ်တန်းသင် ဆရာ၊ ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ပန်းတောင်းမြို့နယ်အတွင်းရှိ အ.ထ.ကကျောင်းနှင့် အ.မ.က(လွန်) ကျောင်းများတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စွမ်းရည်မြှင့်မွမ်းမံသင်တန်းဆွေးနွေးပွဲကို ဘာသာရပ်အလိုက်ကျွမ်းကျင်သော နည်းပြ ဆရာ၊ ဆရာမ(၄၈)ဦးမှ ဦးဆောင်ဆွေးနွေးကြကာ အလယ်တန်းအဆင့် Grade-9 ဆရာ၊ ဆရာမ (၂၄၇) ဦး၊ မူလတန်းအဆင့် Grade-5 ဆရာ၊ ဆရာမ (၄၁၃) ဦး စုစုပေါင်း (၆၆၀)ဦး တက်ရောက်ခဲ့ကြပြီး ဇန်နဝါရီလ (၁၀) ရက်နေ့မှ (၁၃) ရက်နေ့ထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)