ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ နှစ်သစ်ကူးတရားအလှူတော် ကျင်းပပြုလုပ်မည်
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ နှစ်သစ်ကူးတရားအလှူတော်ပွဲကြီးကို ဇန်နဝါရီလ ၁ ရက်နေ့မှ ဇန်နဝါရီလ ၃ ရက်နေ့အထိ ၃ ည တိုင်တိုင် ည(၇)နာရီအချိန်တွင် ပဲခူးမြို့ ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ဆင်ယင်ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။