ပဲခူးတိုင်းဒေသကြီး

သုံးခွမြို့နယ် မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲ၌ ပျိုးပင် (၅၀၇) ပင်အား စုပေါင်းစိုက်ပျိုး

သုံးခွမြို့နယ်အတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်ရေးအတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ အနောက်ကျေးရွာအုပ်စု၊ မြို့ရှောင်လမ်း​ မိုင်တိုင် ၄/၄၊ ၄/၅ ကြားတွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ စုပေါင်းသစ်ပင်စိုက်ပျိုးကြောင်း သိရသည်။

ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ “မြို့နယ်အမျိုးသမီးကော်မတီနှင့် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ” အစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့‌‌နံနက် (၁၀:၀၀)နာရီအချိန်က “မြို့နယ်အမျိုးသမီးကော်မတီနှင့် မြို့နယ်ကလေးသူငယ်များအခွင့်အရေးဆိုင်ရာကော်မတီ” အစည်းအဝေးနှင့် အသိပညာ‌ပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ငူမြို့၌ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြပွဲဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ တောင်ငူခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပသည်။

ပေါင်းတည်၌ မြို့နယ်ဆန်စက်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ခြင်းနှင့် အသစ်ဖွဲ့စည်းခြင်း အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီက မြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ခြင်းနှင့်  အသင်းအမှုဆောင်များ ပြန်လည်ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို မြို့နယ် စားသုံးသူရေးရာဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရေတာရှည်မြို့နယ်မြို့မစျေး၌ စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်ရေး အသိပညာပေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြည်သူများအား မိမိတို့နေထိုင်ရာပတ်ဝန်းကျင် သန့်ရှင်းစေရန်နှင့် အမှိုက်များစနစ်တကျစွန့်ပစ်စေရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်ရေး အသိပညာပေးကို ယမန်နေ့ နံနက် ၉:၀၀ နာရီအချိန်က ရေတာရှည်မြို့မစျေး၌ ပြုလုပ်ခဲ့သည်။

ပေါက်ခေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူလယ်သမားများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

ပဲခူးဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်မှုအဆင်ပြေစေရေးနှင့်အထွက်နှုန်းကောင်းမွန်စေရေးတို့အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ရေတာရှည်မြို့နယ် မြို့မစျေး၌ စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်ရေး အသိပညာပေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြည်သူများအား မိမိတို့နေထိုင်ရာပတ်ဝန်းကျင်သန့်ရှင်းစေရန်နှင့် အမှိုက်များစနစ်တကျစွန့်ပစ်စေရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်ရေး အသိပညာပေးခြင်းကို ယမန်နေ့နံနက် ၉:၀၀ နာရီအချိန်က ရေတာရှည်မြို့မစျေး၌ ပြုလုပ်ခဲ့သည်။

ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲ အခမ်းအနားကို ဇွန် ၂၇ ရက်နေ့ နံနက် ၈ နာရီက အမှတ် (၅၃) တပ်မတော်ခြေလျင်တပ်ရင်းတွင် ကျင်းပသည်။

ပေါက်ခေါင်းမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ အသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ ဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း (အိုးဘိုကုန်း)၌ ကျင်းပပြုလုပ်သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး