ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ “မြို့နယ်အမျိုးသမီးကော်မတီနှင့် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ” အစည်းအဝေးကျင်းပ

ပန်းတောင်း ဇူလိုင် ၁

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့‌‌နံနက် (၁၀:၀၀)နာရီအချိန်က “မြို့နယ်အမျိုးသမီးကော်မတီနှင့် မြို့နယ်ကလေးသူငယ်များအခွင့်အရေးဆိုင်ရာကော်မတီ” အစည်းအဝေးနှင့် အသိပညာ‌ပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းတောင်းမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေး အခမ်းအနားတွင် ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အမျိုးသမီးကော်မတီ အတွင်းရေးမှူး ဒေါ်ခင်နှင်းနှင်းယုက အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးစာချုပ် (CEDAW) နှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်‌‌မှုဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (NSPAW) အကြောင်းအရာများကို အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် “မြို့နယ်အမျိုးသမီးကော်မတီ” အဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်ချက်များကို ထပ်ဆင့်ရှင်းလင်းတင်ပြ၍ အထွေထွေဆွေးနွေးချက်များနှင့် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး “မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ နှင့် မြို့နယ်အမျိုးသမီးကော်မတီ”အစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရမှ နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)