ပေါက်ခေါင်း ဇွန် ၃၀
ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲ အခမ်းအနားကို ဇွန် ၂၇ ရက်နေ့ နံနက် ၈ နာရီက အမှတ် (၅၃) တပ်မတော်ခြေလျင်တပ်ရင်းတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးတိုးနိုင်ထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးသော်မော်ခန့်နှင့် တာဝန်ရှိသူများက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ တပ်မိသားစုဝင်များနှင့် ဒေသခံပြည်သူများထံသို့ ပျိုးပင်များအသီးသီးပေးအပ်ကြကာ ကျွန်း၊ ပျဥ်းကတိုး၊ ပိတောက်၊ စိန်ပန်းသေး၊ စိန်ပန်းကြီး၊ ကုက္ကို၊ ငုရွှေဝါ၊ မန်ကျန်ရှားပင် စုစုပေါင်း (၅၀၀) ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း (၁၉၂) ဦး တက်ရောက်ခဲ့ပြီး ကျောင်းသား/ ကျောင်းသူများအား မြို့နယ်သစ်တောဦးစီးဌာနမှ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဖုန်းကျော်ဇင် (ပြန်/ဆက်)