ရေတာရှည်မြို့နယ်မြို့မစျေး၌ စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်ရေး အသိပညာပေးဆောင်ရွက်

ရေတာရှည် ဇူလိုင် ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြည်သူများအား မိမိတို့နေထိုင်ရာပတ်ဝန်းကျင် သန့်ရှင်းစေရန်နှင့် အမှိုက်များစနစ်တကျစွန့်ပစ်စေရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်ရေး အသိပညာပေးကို ယမန်နေ့ နံနက် ၉:၀၀ နာရီအချိန်က ရေတာရှည်မြို့မစျေး၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရေတာရှည်မြို့နယ်  စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ  ဦးဟန်ရှိန်မှ စွန့်ပစ်ပစ္စည်းများ၏ ညစ်ညမ်းမှုအန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ အမှိုက်များကိုစနစ်တကျခွဲ ခြားစွန့်ပစ်ခြင်းဖြင့် ညစ်ညမ်းမှုအန္တရာယ်ကိုလျော့ကျစေနိုင်ပြီး လူနေမှုဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် ကျန်းမာပျော်ရွှင်ရေးအတွက် သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သောဂေဟစနစ်ကို ထိန်သိမ်းနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းအမှိုက်များကို အမျိုးအစားခွဲ၍ စနစ်တကျခွဲခြားစွန့်ပစ်ခြင်းကို အသိပညာပေးပြောကြားခဲ့ပြီးနောက် လက်တွေ့သရုပ်ပြမှုများ ဆက်လက်​ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးဆောင်ရွက်ရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲနှင့် စျေးသူ၊ စျေးသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)