သုံးခွမြို့နယ် မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲ၌ ပျိုးပင် (၅၀၇) ပင်အား စုပေါင်းစိုက်ပျိုး

သုံးခွ ဇူလိုင် ၁

သုံးခွမြို့နယ်အတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်ရေးအတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ အနောက်ကျေးရွာအုပ်စု၊ မြို့ရှောင်လမ်း​ မိုင်တိုင် ၄/၄၊ ၄/၅ ကြားတွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ စုပေါင်းသစ်ပင်စိုက်ပျိုးကြောင်း သိရသည်။

ဦးစွာ မြို့နယ်သစ်တောဦးစီးဌာန တာဝန်ခံတောအုပ်ကြီး ဦးအာကာဝင်းမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးလင်းမောင်သက်ထံသို့ ပျိုးပင်များပေးအပ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများထံပေးအပ်၍ မန်ဂျန်ရှား(၅၀၀)ပင်၊ ပျင်းကတိုး (၂)ပင်၊ မဟော်ဂနီ (၃)ပင်၊  ခရေ(၂)ပင်၊ စုစုပေါင်းပျိုးပင် (၅၀၇)ပင်ကို  စုပေါင်းစိုက်ပျိုးကြကြောင်း သိရသည်။

ထိုသို့စိုက်ပျိုးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးလင်းမောင်သင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူတို့က စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)