ပေါက်ခေါင်း ဇူလိုင် ၁၈
ပေါက်ခေါင်းမြို့နယ်တွင် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေး (Abate) ခပ်ခြင်းကို ဇူလိုင်လ ၁၅ ရက်နေ့က ရပ်ကွက်/ကျေးရွာများရှိ ရေသိုလှောင်ရာနေရာများတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးမြတ်က ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မိုးရာသီကာလအတွင်း ခြင်၊ ပိုးလောက်လန်းများပေါက်ဖွားမှုမရှိစေရန်နှင့် ပြည်သူများသွေးလွန်တုတ်ကွေးရောဂါမဖြစ်ပွားစေရန်အတွက် ရပ်ကွက်ကျေးရွာများရှိ ရေသိုလှောင်ရာနေရာများတွင် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းဆောင်ရွက်ပြီး ရေကန်များအတွင်း အဘိတ်ဆေး (Abate) ခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လတ်၍ ကျန်ရှိနေသော ဌာနဆိုင်ရာရုံးများနှင့် အခြေခံပညာကျောင်းများသို့ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေး (Abate) ခပ်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက် )