AI နည်းပညာကိုအသုံးပြု၍ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ပညာပေးဆွေးနွေးပွဲ ကျင်းပ

ကြို့ပင်ကောက် ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် AI နည်းပညာကိုအသုံးပြု၍ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဇေယျက ခေတ်နှင့်အညီ တိုးတက်လာသော နည်းပညာများကို မျက်ခြေမပျက် လေ့လာကြစေလိုကြောင်း တောင်သူများအနေဖြင့် AI နည်းပညာကိုအသုံးပြုပြီး စိုက်ပျိုးရေးကဏ္ဍ တိုးတက်လာစေရန်အတွက် လေ့လာသွားကြရန်ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ဌေးက ဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် AI နည်းပညာ Deep seek ဆော့ဝဲအသုံးပြု၍ စိုက်ပျိုးရေးဆိုင်ရာအခက်အခဲများကို ဖြေရှင်းမှုပုံစံအား ပရိုဂျက်တာဖြင့် သရုပ်ပြဆောင်ရွက်ခဲ့သည်။

ဆွေးနွေးပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဇေယျနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇေယျတု (ပြန်/ဆက်)