ပဲခူးတိုင်းဒေသကြီး

ပြည်မြို့နယ်၌ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်စေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေး နည်းပညာဆွေးနွေးပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်စေရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိ‌စေရေးအတွက် နည်းပညာဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက (ဇီးအုပ်) တောင်သူပညာပေး ရှေ့တန်းစခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ် ဥသျှစ်ပင်တိုက်နယ်ဆေးရုံ၌ ပြည်မြို့ ခုတင်(၅၀၀) အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ နယ်လှည့်ကွင်းဆင်း(အခမဲ့) စမ်းသပ်ဆေးကုသခြင်းလုပ်ငန်းများဆောင်ရွက်

ပြည်သူများ ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရေး၊ ဆေးကုသမှုစရိတ်လျော့နည်းကျဆင်းစေရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေရန်ရည်ရွယ်ကာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ဥသျှစ်ပင်တိုက်နယ်ဆေးရုံ၌ ပြည်မြို့ ခုတင်(၅၀၀) အထွေထွေရောဂါကု ဆေးရုံကြီးမှဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်ဦး ဦးဆောင်ကာ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့နံနက်(၉)အချိန်မှစတင်ကာ ဥသျှစ်ပင်တိုက်နယ်ဆေးရုံ၌ အခြေပြု၍ ဒေသခံပြည်သူများအား နယ်လှည့်ကွင်းဆင်း(အခမဲ့) ဆေးကုသပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

ပဲခူးမြို့၌ MSMEs လယ်ယာသုံးစက်ကိရိယာ ပစ္စည်းထုတ်ကုန်များ ပြပွဲ/ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ ပြုလုပ်

ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောဘုရား ယာဉ်ရပ်နားဝန်း၌ ယမန်နေ့ညနေပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ MSMEs လယ်ယာသုံးစက်ကိရိယာ ပစ္စည်းထုတ်ကုန်များ ပြပွဲ/ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ဖြူးဘိုးဘွားရိပ်သာတွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြိုနယ်၊ ဖြူးဘိုးဘွားရိပ်သာတွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို အောက်တိုဘာလ (၁) ရက်နေ့၊ မွန်းလွဲ (၁) နာရီက အဆိုပါ ဘိုးဘွားရိပ်သာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တောင်ငူမြို့၊ ရွှေဆံတော်စေတီတော်မြတ်ကြီး၌ သံဃမဟာပဝါရဏာ ပွဲတော်နှင့် ဆီမီး (၉၀၀၀) ပူဇော်နိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် (၆၄) ကြိမ်မြောက် သံဃမဟာပဝါရဏာပွဲတော်နှင့် ဆီမီး (၉၀၀၀) ပူဇော်နိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁ ရက်နေ့နံနက် (၁၀) နာရီက ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်  MSMEs လယ်ယာသုံးစက်ကိရိယာ ပစ္စည်းထုတ်ကုန်များ ပြပွဲ/ပြိုင်ပွဲကျင်းပပြုလုပ်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ(၃၀)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ပဲခူးမြို့၊ ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပါဒစေတီတော်အသစ် ပြန်လည်တည်ထားကိုးကွယ်နိုင်ရေး အလှူတော်ငွေပေးအပ်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားရင်ပြင်တော်ပေါ်၌ အောက်တိုဘာလ (၂) ရက်နေ့၊ နံနက်ပိုင်းက ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပါဒစေတီတော်အသစ် ပြန်လည်တည်ထားကိုးကွယ်နိုင်ရေး ပထမအကြိမ် အလှူတော်ငွေပေးအပ်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။

ပြည်မြို့ရွှေဆံတော်စေတီတော်မြတ်ကြီး (၂၆၁၄)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၁၂၆)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်အပူဇော်ခံပွဲ စည်ကားသိုက်မြိုက်စွာကျင်းပမည်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ကျက်သရေဆောင် သမိုင်းဝင်လေးဆူဓာတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီး (၂၆၁၄)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၁၂၆)ကြိမ်မြောက် ဗုဒ္ဓ မြတ်စွယ်တော် ဖွင့်လှစ်အပူဇော်ခံပွဲကို ၁၃၈၇ခုနှစ် တန်ဆောင်မုန်းလဆန်း (၈)ရက် ၂၀၂၅ခုနှစ် အောက်တိုဘာ ၂၈ရက်မှစ၍ တန်ဆောင်မုန်းလပြည့်ကျော်(၂)ရက် နိုဝင်ဘာ ၆ ရက်အထိ ၁၀ ရက်တိုင် အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်သည်။

တောင်ငူကေတုမတီဘိုးဘွားရိပ်သာ၌ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ ကျက်သရေဆောင် ကေတုမတီဘိုးဘွားရိပ်သာ၌ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်အခမ်းအနားကို ​အောက်တိုဘာလ ၁ ရက်နေ့ နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။

တောင်ငူမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာခြင်းကို စက်တင်ဘာလ(၃၀)ရက်နေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ၌ စတင်ကြေညာထားကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး