ပဲခူးတိုင်းဒေသကြီး

ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေ ဖြူးမြို့နယ်အတွင်းရှိ ကျေးလက်လမ်းများ ဆောင်ရွက်နေမှုအား စစ်ဆေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန(ရုံးချုပ်)နေပြည်တော်မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် လုပ်ငန်းအရည်အသွေးထိန်းသိမ်းရေးအဖွဲ့များနှင့်အတူ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်းရှိ ကျေးလက်လမ်းတံတားများ ဆောင်ရွက်နေမှုကို ယမန်နေ့​နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပေါင်းတည်မြို့၌ မတ်ပဲ ဧက လေးသောင်းနှစ်ထောင်ကျော် စိုက်ပျိုး

ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ယခု ၂၀၂၆ ခုနှစ်တွင် မတ်ပဲ (၄၂၀၇၉) ဧက စိုက်ပျိုးထားရှိကာ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။

စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းစျေးဖြင့် ဖြန့်ဖြူးရောင်းချစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် မှန်(၆)မှန်နှင့်အညီ သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူပြည်သူများ ဝယ်ယူရရှိမှု ရှိ/မရှိကို ယနေ့နံနက်ပိုင်းက ကဝမြို့နယ်ရပ်ကွက်များနှင့် သက္ကလမြို့ ဈေးအတွင်း စားအုန်းဆီရောင်းချနေမှုများအား သတ်မှတ်စျေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ပမာဏမှန်ကန်မှုရှိမရှိ လိုက်လံကြည့်ရှုစစ်ဆေးသည်။

ပေါက်ခေါင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် နိုင်ငံ့တာဝန်ကိုကျေပွန်စွာထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား မြို့နယ်ပြည်သူ့ဆေးရုံ၊ သံဃာဆောင်၌ ယမန်နေ့ နံနက် ၉ နာရီအချိန်မှစ၍ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တောင်ငူခရိုင်အတွင်းရှိ ကျေးလက်လမ်းတံတားများ အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှမှ တိုင်းဒေသကြီး တာဝန်ခံအင်ဂျင်နီယာချုပ် ဦးထွန်းဝေ၊ တောင်ငူခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ လုပ်ငန်းအရည်အသွေးထိန်းသိမ်းရေးအဖွဲ့များနှင့်အတူ တောင်ငူခရိုင်အတွင်းရှိ ကျေးလက်လမ်းတံတားများ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုကို ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ညောင်လေးပင်မြို့နယ်၌ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်း လစဉ်ဆောင်ရွက်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် မြို့နယ်ပညာရေးမှူးရုံးနှင့် ပူးပေါင်း၍ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းအား နိုင်ငံတော်ရန်ပုံငွေဖြင့် မြို့နယ်အတွင်းရှိကျောင်းပေါင်း (၁၅၈) ကျောင်းတွင် KG ကျောင်းသား၊ ကျောင်းသူပေါင်း (၁၂၈၀) ဦးတို့အား ၂၀၂၅ ခုနှစ် ဩဂုတ်လာမှစ၍ လစဉ်ဆောင်ရွက်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ဆဋ္ဌမအကြိမ်နှင့် သတ္တမအကြိမ်မြောက် ဆောင်ရွက်ခဲ့ပါသည်

အုတ်တွင်းမြို့နယ်ရှိ မဲရုံများအား မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် တပ်ရင်း/တပ်ဖွဲ့အသီးသီးရှိ မဲရုံများအား မီးလောင်မှုနှင့် မီးလန့်မှုများမဖြစ်ပွားစေရေး၊ မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး‌ဆောင်ရွက်ခဲ့သည်။

ကြို့ပင်ကောက်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)အတွက် မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

သဲကုန်းမြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှုလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းနှင့် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင်  ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ(အပိုင်း-၃)ကို ကျင်းပမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက်  တိုင်းရင်းသားဘာသာ ၅ မျိုးဖြင့် ပြန်ဆိုထားသည့် “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်မှုလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်က ကျွဲကျကျေးရွာတွင် ​ဆောင်ရွက်ခဲ့သည်။

ညောင်လေးပင်မြို့၌ ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဆက်လက်ပို့ချလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းကာ ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ဇန်နဝါရီလ (၂၀) ရက်နေ့မှ (၂၄)ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ရာ ယနေ့(၂၃)ရက်နေ့တွက်လည်း ဆက်လက်သင်ကြားပို့ချ လျက်ရှိကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး