ညောင်လေးပင်မြို့၌ (၁၀၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးစပါးစိုက်အသင်းသား တောင်သူများသို့ မျိုး၊ သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ညောင်လေးပင် ဇွန် ၁၉

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ်၌ (၄.၇.၂၀၂၆) ရက်နေ့တွင် ကျရောက်မည့် (၁၀၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမကဏ္ဍမှ ဆောင်ရွက်သည့် မိုးစပါး စီမံကိန်းစိုက်ပျိုးသော အသင်းသားတောင်သူများသို့ မျိုး၊ သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေယံပိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် မိုးစပါးစီမံကိန်းအား အသင်း (၉) သင်း၊ အသင်းသား (၁၅၀) ဦး၊ စိုက်ဧက (၁၅၀၀) စိုက်ပျိုးသွားမည်ဖြစ်ပြီး စနစ်ကျသော စိုက်ပျိုးရေးဖြစ်စေရန်အတွက် မျိုး၊ သွင်းအားစုများ ပေးအပ်ရခြင်းနှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စိုက်ပျိုးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာကြသော အသင်းသားတောင်သူ (၆၈) ဦးထံသို့ မျိုးနှင့် သွင်းအားစုမြေဩဇာများပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)