ပြည်မြို့ အ.ထ.က (၂) နဝဒေးခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောနှင့် လူငယ်စကားဝိုင်းကျင်းပ

​ပြည် ဇွန် ၁၉

ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားပြီး ဗလငါးတန်နှင့်ပြည့်စုံစေရန်​ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြုလုပ်သော စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အမှတ် (၂) ခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲနီထွန်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်‌ထွေးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများကိုလည်းကောင်း၊ ပြည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦး‌အောင်မိုးနိုင်က အားကစားဆိုင်ရာများကိုလည်း‌ကောင်း အသီးသီးအသိပညာပေးဟောပြောခဲ့သည်။

လူငယ်စကားဝိုင်းဆက်လက်ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးနှင့် မြို့နယ်ပညာ‌ရေးမှုးရုံးမှ ဒုတိယမြို့နယ်ပညာ‌ရေးမှူး‌ ဦးအေးလွင်တို့က‌ စေ့စပ်ညှိနှိုင်း‌ရေးမှူးအဖြစ်ဆောင်ရွက်ပြီး Grade (11) မှ မောင်ထက်မြတ်ပိုင်က လူငယ်နှင့်အားကစား၊ Grade (11) မှ မမေသက်ဦးခင်က လူငယ်နှင့် မူးယစ်ဆေး၊ Grade (12) မှ မရတနာက လူငယ်နှင့်ဆိုရှယ်မီဒီယာ Grade (11) မှ မဝင်းပပက လူငယ်နှင့်သဘာဝပတ်ဝန်းကျင် စသည့်အကြောင်းအရာတို့ကို သက်ဆိုင်ရာကဏ္ဍအလိုက် စိတ်ပါဝင်စားစွာဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးရဲနီထွန်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အမှတ်တရဂုဏ်ပြုချီးမြှင့်‌‌ငွေနှင့် လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး အ.ထ.က (၂) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးခိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထား‌သော နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကိုဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။

ဝဏ္ဏထွန်း(ပြန်/ဆက်)