ဝေါမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပ

ဝေါ ဇွန် ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက်(၁၁)နာရီက အခြေခံပညာအလယ်တန်းကျောင်း(လေးအိမ်စု) ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီတာဝင်းက ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး ၊ ထူးချွန် ထက်မြတ်သူများ ဖြစ်လာစေရန်၊ သိသင့်သိထိုက်သည့် အကြောင်းအရာများကိုသိရှိနိုင်ရန်အတွက် ကျောင်းစာ အပြင် ပြင်ပဗဟုသုတစာများကိုဖတ်ကြရန် ကျောင်းသား ကျောင်းသူများ သိသင့်သိထိုက်သည် များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးအဖြစ် မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ကျောင်းသားကျောင်းသူများအား အသိပညာ တိုးပွားစေမည့် ရုပ်ပုံပါပုံပြင်စာအုပ်များ၊ စာအုပ်များအား ဖတ်ရှု‌စေခြင်းနှင့် စာဖတ်ခြင်းအကျိုးကျေးဇူး အသိပညာပေး နံရံကပ်စာစောင်များကိုပြသခဲ့ရာ ကျောင်းသားကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)