ဧရာဝတီတိုင်းဒေသကြီး

မြန်အောင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တောင်ရိုးတိုက်နယ် မျှင်ဝါးတောင်ကျေးရွာတွင် တာရှည်ခံဆေးစိမ်ခြင်ထောင်များ အခမဲ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ငှက်ဖျားရောဂါအဖြစ်များဆုံးဖြစ်သည့် တောင်ရိုးတိုက်နယ် လက်ပံကွင်းကျေးလက်ကျန်းမာရေးဌာန မျှင်ဝါးတောင်ကျေးရွာတွင် ယနေ့နံနက်က တာရှည်ခံဆေးစိမ်ခြင်ထောင် (၈၀၀၀) အခမဲ့‌ပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်သည်။

ဖျာပုံမြို့၌ သဘာဝပတ်ဝန်ကျင်ညစ်ညမ်းမှု လျော့ပါးစေရေး ပလတ်စတစ် Campaign ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ပတ်ဝန်းကျင်ထိန်သိမ်းရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုလျော့ပါးစေရေး ပလတ်စတစ်အစားထိုး အင်ဖတ်၊ သတင်းစာစက္ကူ၊ ငှက်ပျောဖတ်များဖြင့် အသုံးပြုတတ်စေရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် စျေးများလိုက်ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က ပြုလုပ်ကြသည်။

ဖျာပုံမြို့၌ သီးနှံအခြေခံ ယို၊ ဖျော်ရည်အမျိုးမျိုးနှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အသးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး အိမ်တွင်းတစ်ပိုင်တစ်နိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန်နှင့် မိသားစုဝင်ငွေတိုးရေး စီမံကိန်းအဖြစ် သီးနှံအခြေခံ ယို၊ ဖျော်ရည်အမျိုးမျိုးနှင့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းအချိန်က ဖျာပုံခရိုင်ရုံး Community Centre ခန်းမ၌ ကျင်းပသည်။

ကြံခင်းမြို့၌ အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့ အထိမ်းအမှတ် (တတိယ)အကြိမ်မြောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ခုံကြီးကျေးရွာအုပ်စု၊မြောက်မြန်အောင်ကြိုးဝိုင်း အကွက်အမှတ်(၂၄)၌ ပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့ အထိမ်းအမှတ်အနေဖြင့် ယမန်နေ့နံနက်ပိုင်းက ဒေသနှင့်ကိုက်ညီသည့် သစ်မျိုးသစ်ပင်များအား (တတိယအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပခဲ့ကြသည်။

ဘိုကလေးမြို့နယ်တွင် (၂၃) နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြင့်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အားကစားခန်းမတွင် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် (၂၃) နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲအား ဇွန်လ (၂၀) ရက်နေ့မှစတင်၍ကျင်းပရာ ယမန်နေ့နံနက် (၁၁) နာရီ အချိန်တွင် ဗိုလ်လုပွဲ ပွဲစဉ်ကျင်းပခဲ့သည်။

နိုင်ငံ့စီပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ၂၀၂၆ - ၂၀၂၇ ခုနှစ် မိုးစပါးတွင်ပါဝင်ဆောင်ရွက်သည့် တောင်သူများအား သွင်းအားစုပေးအပ်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် နိုင်ငံ့စီပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၆ - ၂၀၂၇ ခုနှစ် မိုးစပါးတွင်ပါဝင်ဆောင်ရွက်သည့် တောင်သူများအား သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။

ညောင်တုန်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျန်းမာရေးအဆင့်မြှင့်ကျောင်းဆင့်ပွားသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင်၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျန်းမာရေး အဆင့်မြှင့်ကျောင်းဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့‌ဆေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဒေးဒရဲမြို့၌ ၂၀၂၆-၂၀၂၇ မိုးစပါးရာသီ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော မိုးစပါးစိုက်တောင်သူများအား သွင်းအားစု ဓာတ်မြေသြဇာအိတ်များ ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော မိုးစပါးစိုက် တောင်သူများအား စပါးအထွက်နှုန်းတိုးတက်စေရေးအတွက် လိုအပ်သော သွင်းအားစု ဓာတ်မြေသြဇာအိတ်များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဖျာပုံခရိုင် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နယ်၌ မိုးစပါးသွင်းအားစု “ယူရီယားမြေဩဇာ” ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ဒေသခံတောင်သူများအား ၂၀၂၆-၂၀၂၇ ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မိုးစပါးဧကများအတွက် သွင်းအားစု (ယူရီးယား မြေဩဇာ) ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

မိုးစပါးစိုက်ပျိုးသောတောင်သူများသို့ သွင်းအားစုပေးအပ်ပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ခုနှစ် တိုင်းဒေသကြီးအတွင်း မြို့နယ်(၁၃)မြို့နယ်ရှိ အသင်းသား (၃၁၃) ဦး၊ မိုးစပါးစိုက်ဧက (၁၀၀၆) ဧကအတွက် ကျပ်(၂၄၅.၇၂၈)သန်းနှင့် ညီမျှသော သွင်းအားစုများကို မိုးစပါးစိုက်ပျိုးသော တောင်သူများသို့ သွင်းအားစု ပေးအပ်ပွဲ အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ကန်ကြီးထောင့်မြို့နယ်၊ ဧရာသီရိသုခခန်းမ၌ ကျင်းပသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး