အိမ်မဲ ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် နိုင်ငံ့စီပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၆ - ၂၀၂၇ ခုနှစ် မိုးစပါးတွင်ပါဝင်ဆောင်ရွက်သည့် တောင်သူများအား သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြောင်းမြခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြောင်းမြခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့အတွင်းရေးမှူး ဒေါ်ခင်ဌေးမြင့်က မြေသြဇာများကို အချိန်မှန်စွာထည့်သွင်းအသုံးပြုခြင်း၏ ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်းကို အကျယ်တဝင့် ပြောကြားခဲ့သည်။
ဆက်လက်ပြီး နိုင်ငံ့စီပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၆ - ၂၀၂၇ ခုနှစ် မိုးစပါးတွင်ပါဝင်ဆောင်ရွက်သည့် တောင်သူများအား မြောင်းမြခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မှုမြင့်မားရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် အဖွဲ့ဝင်များ တာဝန်ရှိသူများက သွင်းအားစုများကိုပေးအပ်ခဲ့ကြောင်းသိရသည်။
ချစ်သက်လယ် (ပြန်/ဆက်)