ဖျာပုံမြို့၌ သဘာဝပတ်ဝန်ကျင်ညစ်ညမ်းမှု လျော့ပါးစေရေး ပလတ်စတစ် Campaign ပြုလုပ်

ဖျာပုံ ဇွန် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ပတ်ဝန်းကျင်ထိန်သိမ်းရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုလျော့ပါးစေရေး ပလတ်စတစ်အစားထိုး အင်ဖတ်၊ သတင်းစာစက္ကူ၊ ငှက်ပျောဖတ်များဖြင့် အသုံးပြုတတ်စေရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် စျေးများလိုက်ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က ပြုလုပ်ကြသည်။

အဆိုပါသဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု လျော့ပါးစေရေး ပလတ်စတစ် Campaign ပြုလုပ်ရာတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဥ္ဇာဝင်းပြည့်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့မစျေးအရာရှိ ဦးစိုးမင်းနှင့်တာဝန်ရှိသူများ ပါဝင်သော အဖွဲ့သည် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုလျော့ပါးစေရေး ပလတ်စတစ်အစားထိုး အင်ဖတ်၊ သတင်းစာစက္ကူ၊ ငှက်ပျောဖတ်များဖြင့် အစားထိုးအသုံးပြုတတ်စေရန် အသိပညာပေးဆောင်ရွက်ခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလက်ကမ်းစာစောင်များအား လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်