ညောင်တုန်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျန်းမာရေးအဆင့်မြှင့်ကျောင်းဆင့်ပွားသင်တန်းဖွင့်လှစ်

ညောင်တုန်း ဇွန် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင်၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျန်းမာရေး အဆင့်မြှင့်ကျောင်းဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့‌ဆေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်ဆွေက အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပညာရေးမှူး ဦးထွန်းမြင့်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များနှင့် ကျောင်းကျန်းမာရေးဆိုင်ရာ ဆောင်ရွက်မှုအခြေအနေများကိုရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဝင်းကြည်က ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ ဆန်းစစ်မှုပုံစံများနှင့် သင်တန်းဆိုင်ရာ ကိစ္စရပ်များကိုရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြများက မြို့နယ်အဆင့် ကျန်းမာရေးအဆင့်မြှင့်ကျောင်းဆင့်ပွားသင်တန်းကို သင်ကြားပို့ချခဲ့သည်။

မြို့နယ်(ပြန်ဆက်)