မအူပင်မြို့၌ လူငယ်နှင့်စာကြည့်တိုက်ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ

မအူပင် ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ လူငယ်နှင့်စာကြည့်တိုက်ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းအား ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးမှ ပြည်သူ့စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားပြီး မအူပင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးစောသောင်းဒန်မှ လူငယ်များ အတွက် စာကြည့်တိုက်ဆိုင်ရာ အရေးပါမှုများအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးမှ Moderator အဖြစ်ဆောင်ရွက်၍ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာဦးခင်ဇော်ဝင်း(ခက်ဇော်-ကဗျာ)၊ လက်ထောက်ညွှန်ကြားရေးမှူး ငြိမ်း(ပညာရေး)ဆရာဦးကျော်ဦး၊ Book Club အသင်း ဥက္ကဋ္ဌ ဆရာဦးစိုးတို့မှ လူငယ်နှင့်စာကြည့်တိုက်ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေး ခဲ့ကြသည်။

အဆိုပါ ပြည်သူ့စကားဝိုင်းသို့ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းဒန်၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးထူးကျော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးနှင့်ဝန်ထမ်းများ၊ မြို့နယ်စာ‌ရေးဆရာအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား‌၊ ကျောင်းသူများတက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့်နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)