ဧရာဝတီတိုင်းဒေသကြီး

ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန Community centre ခန်းမ၌ လူငယ်စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရှိစေရေးနှင့် စာပေဖတ်ရှု့မှုတိုးပွားလာစေရေးတို့ကိုရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ စာရေးဆရာ မောင်မင်းစိုး ရေးသားသည့် လူငယ်နှင့်လူမှုရေးစာအုပ်ဖြင့် လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဟင်္သာတတက္ကသိုလ်ကြက်ခြေနီအသင်းခွဲ၏ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ အခြေခံရှေးဦးပြုစုခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဆင်းပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ရှိ ဟင်္သာတတက္ကသိုလ်၊ ပင်မလေးထပ်ဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ဟင်္သာတတက္ကသိုလ်၊ ကြက်ခြေနီအသင်းခွဲ၏ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ အခြေခံရှေးဦးပြုစုခြင်း သင်တန်းအမှတ်စဉ်(၁/၂၀၂၅) ဆင်းပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဓနုဖြူမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကို ယမန်နေ့ သြဂုတ်လ ၄ ရက်နေ့ မွန်းလွဲပိုင်းက အခြေခံပညာအလယ်တန်းကျောင်း (ထောက်ရှာရိုး) ကျောင်း၌ ကျင်းပသည်။

ကျောင်းကောင်စီဥက္ကဋ္ဌဖလား မိုးရာသီဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အမှတ်(၁)အခြေခံအထက်တန်းကျောင်းတွင် ကျောင်းကောင်စီဥက္ကဋ္ဌဖလား မိုးရာသီဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းဘောလုံးအားကစားကွင်း၌ ကျင်းပခဲ့သည်။

ကြံခင်းမြို့၌ Online မှတစ်ဆင့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးနှင့် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရဲစခန်းမှူး ဦးဆောင်၍ ယမန်နေ့ မွန်းလွဲပိုင်းမှစ၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့မရပ်ကွက်၊ ရွှေတောင်စုရပ်ကွက်နှင့် ရွာသစ်ရပ်ကွက်များရှိ အုပ်ချုပ်ရေးမှူးရုံများ၌ အများပြည်သူများ online မှတစ်ဆင့် လိမ်လည်ခံရမှုမရှိစေရေး ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးနှင့် မှုူခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးမှူး ကျုံပျော်မြို့နယ် ကျွန်းရွှေဝါဘဲမွေးမြူရေးလုပ်ငန်းအား ကွင်းဆင်းကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနဦးစီးမှူး ဦးကျော်စိုးမင်းသည် ကျုံပျော်မြို့နယ် အင်းရဲကျွန်း‌ကျေးရွာအုပ်စု ကျွန်းရွှေဝါ ဘမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ် သာသနာ့ဗိမာန်တော်ကြီးတွင် အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် သာသနာ့ဗိမာန်တော်ကြီးတွင် အခြေခံစားသောက်ကုန်များကို ယနေ့တွင်ဆက်လက်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းတို့ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခုတင် (၅၀)ဆေးရုံဟောင်းနှင့် ဆေးထိုးနှံစုရပ်များတွင် ယနေ့နံနက်(၁၀)နာရီအချိန်၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

ဟင်္သာတမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်(ပထမပတ်) မိခင်နို့ စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်လှုပ်ရှားမှု၊ စံပြမိခင်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၅ ခုနှစ် အဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်(ပထမပတ်) မိခင်နို့ စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ စံပြမိခင်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေစီး၊ ရေလာကောင်းမွန်စေရေး ရေမြောင်းများရှင်းလင်းခြင်းအားဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များရှိ ရေမြောင်းများအား မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်စရန်အတွက် ရေမြောင်းများ တူး‌ဖော်ရှင်းလင်းခြင်းများကို ဆောင်ရွင်လျက်ရှိသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး