ဧရာဝတီတိုင်းဒေသကြီး

ကျိုက်လတ်မြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း‌ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို ဩဂုတ်လ (၄) ရက်၊ နေ့လယ်ပိုင်းက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

လပွတ္တာမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်းနှင့် သီးနှံအာမခံထားရှိခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွေးနဒီခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေပေးအပ်ခြင်းနှင့် သီးနှံအာမခံထားရှိခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်တုန်းမြို့နယ်အတွင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး ကွင်း‌ဆင်းဆောင်ရွက်

ဧရာ၀တီတ်ိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက ဆင်ထုံးကျေးရွာအုပ်စုအတွင်းရှိ ရောင်ခြည်ထွန်း စာကြည့်တိုက်နှင့် ဓမ္မရောင်ခြည်စာကြည့်တိုက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပန်းတနော်မြို့နယ်၌ မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်မှု၊ ကိုယ်ဝန်ဆောင် မိခင်များအား မိခင်နို့စနစ်တကျတိုက်ကျွေးရေး အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်လှုပ်ရှားမှု၊ ကိုယ်ဝန်ဆောင်မိခင်များအား မိခင်နို့စနစ်တကျတိုက်ကျွေးရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲ၊ ကဗျာရွတ်၊ ပုံပြောနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန( Community Centre )ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံလာစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်၊ အသိပညာကြွယ်ဝလာစေ ရန်၊ လူများရှေ့တွင် ပြောဆိုတတ်သည့် အလေ့အကျင့်များ ရရှိလာစေရန်  စသည့်ရည်ရွယ်ချက်များစွာဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို အခြေခံပညာဦးစီးဌာနှင့်ပူးပေါင်း၍ ကျင်းပခဲ့သည်။

မြန်အောင်၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားနှင့် စံပြမိခင်ပြိုင်ပွဲ ဆုပေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၌ ၂၀၂၅ ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုနှင့် စံပြမိခင်ပြိုင်ပွဲဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်က မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကျင်းပပြုလုပ်သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၃) နှစ်အောက် အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲများအား ကြည့်ရှုအားပေး

၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲအား ဧရာဝတီတိုင်းဒေသကြီးမှ အိမ်ရှင်အဖြစ် လက်ခံ၍ ပုသိမ်မြို့၊ ကိုးသိန်း အားကစားခန်းမတွင် ဇူလိုင်လ ၃၀ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် အမျိုးသား/အမျိုးသမီး သုံးယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲနှင့် အမျိုးသားသုံးယောက်တွဲပြိုင်ပွဲ တတိယနေရာလုပွဲများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ကျုံပျော်မြို့နယ်၌ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးဟောပြော

မီးဘေးအန္တရာယ်ကြောင့် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရန်အတွက်  စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊  ကျုံပျော်မြို့နယ်၊  ရှားခဲကျေးရွာ  အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌  ယနေ့နံနက်က ဆောင်ရွက်ခဲ့သည်။

ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) စမ်းချောင်းစဉ့်အိုးဖိုကျောင်း၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) စမ်းချောင်းစဉ့်အိုးဖို‌ကျောင်း၌ ကျောင်းကောင်းစီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကို ယမန်နေ့ည‌နေပိုင်းက ကျောင်းအားကစားဘောလုံးပြိုင်ပွဲကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ငွေဆောင်မြို့တွင် ဟိုတယ်ပိုင်းဆိုင်ရာ လျှပ်စစ်ကျွမ်းကျင်သင်တန်းဖွင့်ပွဲနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ကြီးကြပ်မှု၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်မှုဖြင့်ဖွင့်လှစ်သော ဟိုတယ်ပိုင်းဆိုင်ရာ လျှပ်စစ်ကျွမ်းကျင် သင်တန်းဖွင့်ပွဲအခမ်းအနားနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲအား ယမန်နေ့နံနက်ပိုင်းက ယမုံနာဦးဟိုတယ်၊ Ball Room ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး၊ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှူး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်သူဦး၊ အလုပ်သမားညွှန်ကြားမှူးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးသိန်း၊ အမှတ်(၇)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ ငွေဆောင်ဟိုတယ်ဇုန်ဥက္ကဋ္ဌနှင့်ဟိုတယ်မန်နေဂျာများ၊ သင်တန်း ဆရာများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး