ညောင်တုန်း ဩဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အမှတ်(၁)အခြေခံအထက်တန်းကျောင်းတွင် ကျောင်းကောင်စီဥက္ကဋ္ဌဖလား မိုးရာသီဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းဘောလုံးအားကစားကွင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်က အဖွင့်အမှာစကားပြောကြား၍ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်ဝေဝေနွယ်က ကျောင်းကောင်စီဥက္ကဋ္ဌဖလား မိုးရာသီဘောလုံးပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးဝင်းကြိုင်က ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားအနေဖြင့် စည်းကမ်းရှိရှိ စနစ်တကျယှဉ်ပြိုင်ကြရန်လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းကောင်စီဥက္ကဋ္ဌဖလား မိုးရာသီဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်ကို ကျန်စစ်သားဘောလုံးအသင်းနှင့် ဗန္ဓုလဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းကောင်စီဝင်များ၊ မိဘဆရာအသင်းတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)