အိမ်မဲမြို့နယ်တွင်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)စတင်ကျင်းပ

အိမ်မဲ  ဇန်နဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂)ကို ယနေ့နံနက် (၆)နာရီအချိန်မှစတင်ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိပြည်သူများကမဲရုံ အသီးသီးတွင် အေးချမ်းစွာဖြင့် ဆန္ဒမဲများ ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ကျင်းပရာ၌ အိမ်မဲမြို့နယ်ရှိ မဲရုံအသီးသီး၌ မဲရုံမှူးများက နံနက် (၆:၀၀) နာရီအချိန်မှစတင်ကာ မဲရုံများ ဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံပြည်သူများက မဲရုံများစတင်ဖွင့်လှစ်သည့်အချိန်မှစ၍ တည်ငြိမ် အေးချမ်းစွာဖြင့် ရွေးကောက်ပွဲစည်းမျဥ်းဥပဒေများ အတိုင်း လိုက်နာကာ ဆန္ဒမဲများ ပေးခဲ့ကြသည်။ အဆိုပါဆန္ဒမဲ ရလဒ်များအား အိမ်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှကြီးကြပ်၍ မြို့ပေါ် ရပ်ကွက်များမှ ဆန္ဒမဲရလဒ်များနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံမှ ဆန္ဒမဲရလဒ်များစုပေါင်းကာ မဲရလဒ်စာရင်းများကို ထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်။

အိမ်မဲမြို့နယ်တွင်  ရပ်ကွက် (၅) ရပ်ကွက်၊ ကျေးရွာအုပ်စု (၉၇)အုပ်စုတွင် မဲရုံပေါင်း(၁၁၂)ရုံမှ မဲဆန္ဒရှင် ပြည်သူ (၁၃၁၆၅၀)ဦးရှိကြောင်း နှင့်ပြည်သူများကအေးချမ်းတည်ငြိမ်စွာဖြင့် ဆန္ဒမဲများပေးလျက် ရှိကြောင်း သိရသည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)