ဘိုကလေးမြို့နယ်တွင် မဲရုံအဖြစ်အသုံးပြုမည့် အဆောက်အဦးများ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၅ ခုနှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား မဲရုံ(၂၆၅)ရုံဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ မဲရုံအဖြစ်အသုံးပြုမည့် စာသင်ကျောင်းအဆောက်အဦးများအား မီးဘေးလုံခြုံရေးအတွက် ဒီဇင်ဘာ (၁၀)ရက်နေ့မှစတင်၍ မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက လှည့်လည် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။