ဧရာဝတီတိုင်းဒေသကြီး

ညောင်တုန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-5နှင့် Grade-9 အတန်းတင်စာမေးပွဲများ အေးချမ်းစွာဖြေဆို

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-5 နှင့် Grade-9 အတန်းတင် စာမေးပွဲများကို ဖေဖော်ဝါရီလ (၂၃)ရက်နေ့မှ စတင်၍ အေးချမ်းစွာ စတင်ဖြေဆိုလျှက်ရှိသည်။

မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ မြို့နယ်စာရေးဆရာအသင်း ဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ်စာရေးဆရာအသင်း ဆွေးနွေးပွဲအား ယမန်နေ့ မွန်းလွဲ (၂) နာရီက ကျင်းပပြုလုပ်သည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ဆန်၊ ဆီ၊ ဘဲဥနှင့် ကြက်ဥများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် မော်လမြိုင်ကျွန်းမြို့နယ်တွင် ဆီနှင့် ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ် (၅)ရပ်ကွက် (၁၃) လမ်းရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင်ဆောင်ရွက် ပေးခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ (၇၁) ကြိမ်မြောက် ပရိယတ္တိစာဖြေပွဲတော်ကြီး၏ စာအောင်ဆုနှင်း သဘင်အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ကမ်းနား ကျောင်းပရိယတ္တိစာသင်တိုက်၌ ယမန်နေ့ ညနေပိုင်းက မြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံ သံဃာ့ဩဝါဒခံပရိယတ္တိသာသနာ နုဂ္ဂဟအသင်းကြီး (၇၁) ကြိမ်မြောက် ပရိယတ္တိစာဖြေပွဲတော်ကြီး၏ စာအောင်ဆုနှင်းသဘင်အခမ်းအနား ကျင်းပခဲ့သည်။

ကြံခင်းမြို့၊ မြို့မဈေးအနီးပတ်ဝန်းကျင် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ရေး တာဝန်ရှိသူများ ပူးပေါင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ မဟာဘောဂလမ်း၊ ဘုရားကြီးလမ်းနှင့် ဗိုလ်ချုပ်လမ်း မြို့မဈေးအနီးဝန်းကျင်ရှိ လူနေအိမ်များ၊ အိမ်ဆိုင်များအား ယမန်နေ့ ညနေ ၅ နာရီအချိန်က မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပူးပေါင်းစစ်ဆေးခဲ့ကြသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆) တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၆) ကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင် ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

မအူပင်မြို့၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိမြို့နယ် (၃) မြို့နယ်၌ လေပြင်းဘေး ကြိုတင်ကာကွယ်ရေးဆိုင်ရာ နေအိမ်များ အားဖြည့်မွမ်းမံ ပြင်ဆင်ခြင်းလုပ်ငန်းများအား ယနေ့နံနက် ၁၀ နာရီက မအူပင်မြို့နယ်၊ ကွန်စုကျေးရွာတွင် ဆောင်ရွက်သည်။

ဟင်္သာတမြို့နယ်တွင် မီးခိုးမြူငွေ့ဖြစ်ပေါ်မှု လျော့ကျစေရေးနှင့် မီးလောင်ကျွမ်းမှုဖြစ်စဉ်များ လျော့နည်း ကျဆင်းစေရေး ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ဟင်္သာတမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှကြီးမှူး၍ ဖေဖေါ်ဝါရီ ၂၂ ရက်နေ့က ခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်သစ်တောဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဟင်္သာတမြို့နယ်၊ ခေါင်းဆေးကျွန်းကျေးရွာအုပ်စု၊ သာယာအေးကျေးရွာအတွင်းရှိ လုပ်သားပြည်သူများအား ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာများတိုးပွားလာစေရန်၊ ဟင်္သာတခရိုင်အတွင်း မီးခိုးမြူငွေ့ဖြစ်ပေါ်မှု လျော့ကျစေရေးနှင့် မီးလောင်ကျွမ်းမှုဖြစ်စဉ်များ လျော့နည်းကျဆင်းပပျောက်စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောခဲ့သည်။

လပွတ္တာမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ် (၄) ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ယမန်နေ့နံနက် ၇ နာရီအချိန်က အငြိမ်းစားဝန်ထမ်းများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဟင်္သာတမြို့နယ်တွင်သတ်မှတ်ရည်ညွှန်းစျေးနှင့်အညီအိမ်ထောင်စုအလိုက်ဆီဝယ်ယူခွင့်စာအုပ်များနှင့်ဖြန့်ဖြူးရောင်းချပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ဖေဖေါ်ဝါရီ ၂၃ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ လက်လီကုန်မျိုးစုံဆိုင်များသို့ ကျေးရွာအရောက် ခွဲတန်းဆီများကို ဟင်္သာတမြို့နယ် စားအုန်းဆီ ဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးအဖွဲ့များ၊ လက်ကားကိုယ်စားလှယ်များပူးပေါင်း၍ ကြီးကြပ်ပို့ဆောင်ဖြန့်ဖြူးရောင်းချပေးခဲ့ကြသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး