ဧရာဝတီတိုင်းဒေသကြီး

ကြံခင်းမြို့၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်​ရေးမှူးများ၊ စာ​​ရေးများ ဒေသဖွံဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် နေကြာမျိုးစေ့ပေးအပ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမ၌ ယနေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်​‌ရေးမှူးများ၊ စာ​​ရေးဝန်ထမ်းများဖြင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးနှင့် နေကြာမျိုးစေ့ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဘိုကလေးမြို့နယ်တွင် ဘုရားသုံးဆူ-သမ္ဘာန်ကွဲ မြောင်းတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘုရားသုံးဆူကျေးရွာအုပ်စု၊ ဘူရားသုံးဆူကျေးရာတွင် ယခုနှစ် စက်တင်ဘာ (၁၃) ရက်နေ့မှစတင်၍ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဘုရားသုံးဆူ-သမ္ဘာန်ကွဲ မြောင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၁)နာရီ အချိန်တွင် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြံခင်းမြို့နယ်အတွင်းသို့ ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာများအား ထပ်ဆင့်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွှေတောင်စုရပ်ကွက်၊ ရွှေညောင်ပင်ကျောင်းတိုက်၊ ပညာဆီမီးဓမ္မရုံတော်ကြီး၌ ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြံခင်းမြို့နယ်အတွင်းသို့ ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာများအား ထပ်ဆင့်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ကျင်းပခဲ့သည်။

အိမ်မဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးစပါးဆင်းသုခစပါးမျိုး စံကွက်ရိတ်သိမ်းပွဲကျင်းပရာ ပန်းတိုင်အထွက်နှုန်း ထက်ပိုမိုရရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကွင်းကလေးကျေးရွာအုပ်စု၊ ပရိုက် ကျေးရွာ တောင်သူ ဦးဝင်းဘို၏ ကွင်းအမှတ် ၉၂၊ ဦးပိုင်အမှတ် ၃၆/၃ လယ်မြေ(၂)ဧက တွင် မိုးစပါးဆင်းသုခစပါးမျိုး စံကွတ်ရိတ်သိမ်းပွဲကို ယနေ့နံနက် (၉) နာရီအချိန်ကကျင်းပခဲ့သည်။

ဒေးဒရဲမြို့နယ် (Community Centre)ခန်းမ၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦး စီးဌာနက ကျောင်းသား၊ ကျောင်းသူများ ပြင်ပဗဟုသုတများတိုးပွားစေရန်နှင့် ရာသီအလိုက် ဖြစ်ပွားနိုင်သည့် သဘာဝဘေးအန္တရာယ်များအား ကြိုတင်သိရှိကာကွယ်နိုင်စေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် (၉) နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့၊ စက္ခုဒါနဆေးခန်း၌ မျက်စိရောဂါခွဲစိတ်ကုသပေးလျက်ရှိသည့်လုပ်ငန်းများအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စက္ခုဒါနဆေးခန်း၌ မျက်စိဝေဒနာ ပတ်သက် သောရောဂါများ စမ်းသပ်ခြင်း၊ ခွဲစိပ်ကုသခြင်းလုပ်ငန်းများအား အပတ်စဥ်ဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ မျက်စိဝေဒနာရှင် ပြည်သူများအား အခမဲ့စမ်းသပ်ပေးခြင်းနှင့် ခွဲစိတ်ကုသမှုလုပ်ငန်းများအား မြို့နယ်စီမံခန့်ခွဲ ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် တာဝန်ရှိသူများကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။

မြောင်းမြတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၁) နာရီက မြရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ KG ကျောင်းသား/ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းတွင်းအာဟာရကျွေးခြင်းကို မြို့မ အ.လ.က ကျောင်းနှင့် ချမ်းမြေ့ အ.မ.ကကျောင်းတို့၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ ဒေသခံပြည်သူများအား အထူးကုဆရာဝန်များက ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေ သကြီးကုသရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာစန်းဝင်း၏ ဦးဆောင်မှုဖြင့် အထူးကုဆရာဝန်များက တန်ငူ့ကျေးရွာအုပ်စု၊ ခေတ်မီစံပြကွမ်းခြံချောင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သည်။

မြောင်းမြ၌ တန်ဆောင်တိုင်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်ရှိ အထင်ကရနေရာများ၌ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နှစ်စဥ်ကျင်းပလျက်ရှိရာ ယခုနှစ်တွင်လည်း စကြာသီဟ၊ စကြာနန္ဒစေတီတော်မြတ်ကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး