မအူပင် မတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မီးသွေးချောင်း ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာ၌ (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု အထွေထွေပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်သော မီးသွေးချောင်းကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲ အခမ်းအနားအား ယနေ့ နံနက် (၁၁)နာရီက အဆိုပါကျေးရွာတွင် ကျင်းပပြုလုပ်ရာ မအူပင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မအူပင်ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦး၊ တံခွန်တိုင်ကျေးရွာ ပတ္တမြားကျောင်းတိုက် ဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တပဏ္ဍိတနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူမျာ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။
ဦးစွာ မအူပင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မအူပင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦး၊ တံခွန်တိုင်ကျေးရွာ ပတ္တမြားကျောင်းတိုက် ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပဏ္ဍိတတို့က ကုန်ထုတ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူး၍ ကုန်ထုတ်လမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါကုန်ထုတ်လမ်းသည် မြေသားလမ်း အရှည် ၇.၅၇ ဖာလုံ အမြင့်(၂)ပေ အောက်ခြေအကျယ် (၂၂) ပေ ထိပ်ဝ အကျယ် (၁၆)ပေနှင့် မြေသားလုပ်ငန်းတွေကို အလွှာလိုက် ဆောင်ရွက်ခဲ့ရပြီး မြေသားလမ်းပေါ်၌ ၃ လက်မ ထုသိပ်သည်း၍ မြေရောကျောက်လမ်းခင်းခြင်းလုပ်ငန်းနှင့် ၁၅ ပေ အရှည် ၅ ပေအကျယ် Box Culvert (၁) စင်း ဖောက်လုပ်ပေးခြင်းဖြင့် ကျေးရွာရှိအိမ်ခြေ(၁၃၄၀)၊ လူဦးရေ (၅၀၉၀) တို့ကို အကျိုးပြုပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဒေါက်တာမနားကီးထံမှ သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)