မြန်အောင်၌ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း တစ်လနှစ်ကြိမ် ပုံမှန်ရောင်းချပေး

မြန်အောင် မတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် မြန်အောင်မြို့နယ်၌ ဆီကိုယ်စားလှယ်(၆)ဦးမှ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်  အိမ်ထောင်စု တစ်စုလျှင် ၅၀ ကျပ်သားနှုန်း တစ်လနှစ်ကြိမ် ပုံမှန်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်က မြန်အောင်မြို့ အမှတ် (၁)ရပ်ကွက်၌ စားအုန်းဆီ တစ်ပိဿာ (၇၁၅၂)ကျပ်၊ ဆန်တစ်ပြည်(၂၀၀၀)ကျပ်၊ ကြက်ဥ တစ်လုံး ၃၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးမြင့်နိုင်၊ တိုင်းဒေသကြီးဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် ဦးမင်းဇော်ဦး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်အောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖတို့က ကြည့်ရှုအားပေးကူညီဆောင်ရွက်ပေးခဲ့ကြသည်။

မြန်အောင်မြို့နယ်အတွင်း စားအုန်းဆီလက်လီကိုယ်စားလှယ်အရောင်းဆိုင်များတွင် ဆီကိုယ်စားလှယ်(၆)ဦးတို့က တစ်ရက်(၂၆) ပေပါနှုန်းဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း အိမ်ထောင်စုတစ်စုလျှင် ၅၀ ကျပ်သား နှုန်း တစ်လနှစ်ကြိမ် ပုံမှန်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)