(၈၁)နှစ်မြောက် တပ်မတော်‌နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပန်းတနော်မြို့နယ်၊ သိမ်ကုန်း-ချောင်းကလေးလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ

ပန်းတနော် မတ် ၁၅

(၈၁)နှစ်မြောက်တပ်မတော်‌နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပန်းတနော်မြို့နယ်၊ သိမ်ကုန်း-ချောင်းကလေးလမ်း ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား‌ရေးမှူး(မြို့ပြ)ဒေါ်‌အေးနန္ဒာစိုး၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ဆက်လက်၍စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီးနောက် ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား‌ရေးမှူး(မြို့ပြ) ဒေါ်‌အေးနန္ဒာစိုး၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်း နှင့်ဧည့်သည်တော်များမှ ကွန်ကရစ်လမ်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းကွန်ကရစ်လမ်းသစ်သည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် (၁၉၉.၆၉၆)သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး လမ်းအရှည် (၃ဖာလုံ)၊ လမ်းအကျယ်(၁၂‌ပေ)၊ လမ်းထုထည်(၇လက်မ)ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)