မန္တလေးတိုင်းဒေသကြီး

မဟာအောင်မြေမြို့နယ်အတွင်းရှိ ပြည်သူများအားတီဘီရောဂါရှာဖွေဖော်ထုတ် ကွင်းဆင်း‌ဆေးကုသ

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အရှေ့ရပ်ကွက်ပြည်လုံးအံ့ ဓမ္မာရုံတွင် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း(ဗဟို-မန္တလေးရုံးခွဲ)နှင့် မဟာအောင်မြေပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ပူးပေါင်း၍ တီဘီရောဂါ ရှာဖွေဖော်ထုတ်ကုသပေးခြင်း၊ (အခမဲ့)ဆေးကုသပေးခြင်းလုပ်ငန်းများကို ယမန်နေ့နက်ပိုင်းက  ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံ

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းသည် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို မေ ၆ ရက် မွန်းလွဲပိုင်းက မန္တလေး အောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီးလွှတ်တော်ရုံး၊ သဘင်ဆောင်၌ ကျင်းပသည်။

ပြင်ဦးလွင်မြို့နယ်၌ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ၏ စွမ်းရည်မြှင့်သင်တန်း(၁/၂၀၂၆)ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်တွင် အလုပ်ရှင်၊ အလုပ်သမားကာကွယ်စောင့်ရှောက်ရန်ရည်ရွယ်၍ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ဦးစီးဖွင့်လှစ်သော အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ၏ စွမ်းရည်မြှင့်သင်တန်း(၁/၂၀၂၆)ကို ယနေ့နံနက် ၁၀နာရီက အလုပ်သမားဆက်ဆံရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

လူငယ်ရေးရာ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမောင်သင်း ပြင်ဦးလွင်ဒေသခံလူငယ်များနှင့်တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်တွင် လူငယ်ရေးရာ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမောင်သင်းနှင့် ‌ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ဒေသခံလူငယ်များနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်၉နာရီက ပြင်ဦးလွင်ခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။

ပြင်ဦးလွင်မြို့နယ်၌ Grade-9 လူရည်ချွန်မောင်မယ်များ ကြိုဆိုပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ ပြင်ဦးလွင်လူရည်ချွန်စခန်းသို့ ရောက်ရှိလာသည့် Grade-9 လူရည်ချွန်မောင်မယ်များ ကြိုဆိုပွဲအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲအချိန်က ပြင်ဦးလွင်မြို့ ရွှေနန်းထိုက်ဟိုတယ်ရှေ့ လူရည်ချွန်စခန်းမုခ်ဦး၌ ကျင်းပသည်။

ကျောက်ပန်းတောင်းမြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ရက် (၁၀၀) စီမံချက်ဖြင့် အခြေခံမွေးမြူရေးသင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် ကျေးလက်နေပြည်သူများ မွေးမြူရေး အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် မှန်ကန်သည့် မွေးမြူရေးနည်းလမ်းကောင်းများ ရရှိစေရန်ရည်ရွယ်၍ အခြေခံမွေးမြူရေး သင်တန်းဖွင့်ပွဲကို၊ မေ ၆ ရက်နေ့ နံနက် ၉ နာရီက ပြည်တော်သာရပ်ကွက်၊ ကျောက်ပန်းတောင်း-ပုပ္ပားလမ်းဘေးရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

ပြင်ဦးလွင်မြို့တွင် နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက  ရပ်ကွက်ကြီး ၆ ရှိ မြနန်းတော်ခန်းမတွင် ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

သပိတ်ကျင်းမြို့နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို မေလ ၅ ရက်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

‎မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကွင်းဆင်း၍ တီဘီရောဂါ ရှာဖွေဖော်ထုတ်ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း (ဗဟို-မန္တလေးရုံးခွဲ)နှင့် မဟာအောင်မြေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ရက်(၁၀၀)စီမံချက်တွင်ပါဝင်သည့် တီဘီရောဂါ ရှာဖွေ ဖော်ထုတ်ကုသခြင်းလုပ်ငန်းများ မေလ ၅ ရက်နေ့ နံနက်ပိုင်းက စင်္ကြာနွယ်စဉ်ရပ်ကွက်၊ အ.မ.က(၆) ကျောင်း၌ ကွင်းဆင်း ဆောင်ရွက်သည်။

တောင်သာမြို့၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို မေလ ၅ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး