တောင်သာ မေ ၆
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို မေလ ၅ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သူရက အမှာစကားပြောကြားခဲ့သည်။ ထို့နောက် တောင်သာမြို့နယ် စီမံကိန်းဦးစီးမှူး ဦးအောင်ဌေးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်း ရည်မှန်းချက်များရေးဆွဲ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သူရ၊ တောင်သာမြို့နယ် စီမံကိန်းဦးစီးမှူး ဦးအောင်ဌေးနှင့် တာဝန်ရှိသူများက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း လုပ်ငန်းတာဝန်များအား သက်ဆိုင်ရာဌာနများအား ပေးအပ်ခဲ့ကြသည်။
အဆိုပါ ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သူရ၊ တောင်သာမြို့နယ် စီမံကိန်းဦးစီးမှူး ဦးအောင်ဌေးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။ကျော်မျိုးနိုင်(တောင်သာ)