သပိတ်ကျင်း မေ ၆
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို မေလ ၅ ရက်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သပိတ်ကျင်းခရိုင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးက"ခရိုင်၏ လူမှုစီးပွားဘဝတိုးတက်ရေးကို ဖော်ညွှန်းသည့် ထုတ်ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP)တိုးတက်မှုနှုန်းသည် ယခု(၂၀၂၅-၂၀၂၆) ဘဏ္ဍာရေး နှစ်တွင် (၀.၁) ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းချက်အပေါ် ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ၏ တက်ညီလက်ညီပူးပေါင်းခဲ့ကြသည့်အတွက် နှစ်ကုန်တွင် (၁၁.၈)ရာခိုင်နှုန်း တိုးတက်မည်ဟုခန့်မှန်းထားကြောင်း၊ နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်ချက်နှင့် စီးပွားရေး မူဝါဒများနှင့်အညီ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ဦးစားပေးလုပ်ငန်းများအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် စီမံကိန်းရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်မှုအခြေအနေများကို (၃)လပတ်အလိုက် ပေးပို့ရမည်ဖြစ်ကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်ဒေသန္တရ စီမံကိန်းရည်မှန်းချက်များကို မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးသို့လည်းကောင်း၊ ခရိုင်မြေစာရင်းဦးစီးဌာနသို့ လည်းကောင်း၊ ခရိုင်လမ်းဦးစီးဌာနသို့လည်းကောင်း အသီးသီးတာဝန်ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ သပိတ်ကျင်းခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)