လူငယ်ရေးရာ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမောင်သင်း ပြင်ဦးလွင်ဒေသခံလူငယ်များနှင့်တွေ့ဆုံ

ပြင်ဦးလွင် မေ ၇

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်တွင် လူငယ်ရေးရာ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမောင်သင်းနှင့် ‌ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ဒေသခံလူငယ်များနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်၉နာရီက ပြင်ဦးလွင်ခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စု၀န်ကြီးက လူငယ်များအနေဖြင့် ခိုင်မာသော ကျောထောက်နောက်ခံ အသက်မွေးဝမ်းကျောင်းရရှိစေရန်၊   မိမိအလုပ်မိမိလုပ်ရင်း လူ့အဖွဲ့အစည်းကို တိုးတက်အောင်ဆောင်ရွက်ကြစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းများကို ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်၊ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများနှင့် လူငယ်ရေးရာ၀န်ကြီးဌာနအနေဖြင့်လည်း လူငယ်များနှင့်ပတ်သက်ပြီး အလွှာစုံကို ပြုပြင်ပြောင်းလဲပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစရှိသည်တို့ကို မှာကြားခဲ့သည်။ အခမ်းအနား သို့  ပြည်ထောင်စု၀န်ကြီး ဒေါက်တာမောင်သင်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဖွဲ့၀င် တိုင်းရင်းသားလူမျိုးရေးရာ၀န်ကြီး ဦးစိုင်းအောင်ကြည်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဟိန်းမင်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦး၀င်းဇော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်နှင့်  ပြင်ဦးလွင်ဒေသခံလူငယ်များ တက်ရောက်ခဲ့ကြသည်။

သွေးသွေး(ခရိုင်/ပြန်ဆက်)