ပြင်ဦးလွင်မြို့တွင် နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

ပြင်ဦးလွင် မေ ၆

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက  ရပ်ကွက်ကြီး ၆ ရှိ မြနန်းတော်ခန်းမတွင် ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးရဲထူးမှ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားမိန့်ခွန်း ပြောကြားပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူးမှ မန္တလေးငလျင်ကြီးတွင် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့သည့်အတွက် လူမှုထူးချွန် “တတိယဆု” ရရှိသည့် တပ်ဖွဲ့ဝင်များနှင့် လုပ်ငန်းကျွမ်းကျင်မှု ဆိုင်ရာ ဆုတံဆိပ်များရရှိသည့်တပ်ဖွဲ့ဝင်များအားဆုများပေးအပ်ချီးမြှင့်ခြင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်လွင်မှ မန္တလေးတိုင်းဒေသကြီးအဆင့် မီးသတ်ကျင့်ဝတ်ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် တပ်ဖွဲ့ဝင်များနှင့် သင်တန်းဆင်းထူးချွန်ဆုရရှိခဲ့သည့် တပ်ဖွဲ့ဝင်များအား ဆုများပေးအပ်ချီးမြှင့်ခြင်း၊ ခရိုင်မီးသတ်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းမှ အငြိမ်းစားမီးသတ်ဝန်ထမ်းဟောင်းများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုဦးစီးမှူး ဦးဌေးလွင်မှ လူမှုထူးချွန် “တတိယဆု” ရရှိသည့် ကိုယ်ပိုင်အမှတ် (မ ၂၀၇၇၉) မီးသတ်တပ်ကြပ်ကြီး အောင်ကိုကိုအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)