ရတနာပုံတက္ကသိုလ်၌ ရက် (၁၀၀) စီမံချက်အစီအစဉ် မူလတန်းပြ ဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း (Main Course) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
အမရပူရမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်မှကြီးမှူး၍ အင်္ဂလိပ်စာဌာနမှ ဦးစီပြီး ရက် (၁၀၀) စီမံချက်အား အကောင်အထည်ဖော် ဆောင်ရွက်မှုအစီအစဉ်အရ အမရပူရမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့မှ မူလတန်းပြ ဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း (Main Course) သင်တန်းဆင်းပွဲ အခမ်းအနားကို မေ ၂၂ ရက်မွန်းလွဲ ၂ နာရီက အဆိုပါရှိတက္ကသိုလ်ရှိ အားကစားခန်းမ-၂၌ ကျင်းပပြုလုပ်ရာ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ မန္တလာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမင်းမင်းရီ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာသွယ်လင်းကို၊ ဒေါက်တာ ခင်မော်မော်စိုး၊ ဒေါက်တာဦးဝင်းနိုင်၊ အင်္ဂလိပ်စာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာ အိအိစိုးမင်းနှင့် သင်တန်းပို့ချပေးခဲ့သည့် ဆရာ၊ ဆရာမများ၊ အမရပူရခရိုင်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့မှ ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။