မတ္တရာ မေ ၂၃
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၌ ကျောင်းဖွင့်ချိန်၌ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ စာပေသင်ကြားနိုင်ရေးနှင့် ကျောင်းနှင့်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများ၊ တပ်မတော်သားများပူးပေါင်း၍ အမှတ်(၂)ရပ်ကွက်ရှိ အ.ထ.က (မတ္တရာ)တွင် မေ၂၃ရက် နံနက် ၇နာရီက စုပေါင်းသန့်ရှင်းရေးပြုလုပ်သည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တပ်မတော်သားများပူးပေါင်း၍ အမှိုက်များ၊ ချုံနွယ်များ၊ ပေါင်းမြက်များ၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ရွှေရာသား