ပြည်ကြီးတံခွန်မြို့နယ်၌ လွှတ်တော် ကိုယ်စားလှယ်ဖလား U -13 ဘောလုံးပြိုင်ပွဲကျင်းပ

ပြည်ကြီးတံခွန် မေ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များက ကြီးမှူး၍  ယမန်နေ့ နံနက် ၇ နာရီက ၅၆ လမ်း၊ ၁၂၇×၁၂၈ ကြားရှိ ထထ-၃၆၊ အားကစားကွင်း၌ လွှတ်တော်ကိုယ်စားလှယ်ဖလား U-13 ဘောလုံးပြိုင်ပွဲ ကျင်းပသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းပြများက ဦးဆောင်၍ အားကစားအသင်းဖွဲ့၏ နည်းပြများဖြင့် ဘောလုံးအားကစား အသင်း ၈ သင်းဖြင့် ပါဝင်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ရာ အသင်းတစ်သင်းလျှင် ၁၁ ယောက်နှုန်းဖြင့် ဖွဲ့စည်းထားပြီး အားကစားကွင်းအတွင်းတွင် ၇ ယောက်နှုန်း ဖြင့် ပါဝင်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။   

ယင်း ဘောလုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ၄ သင်းနှင့် ညနေပိုင်းတွင် ၄ သင်း ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ ၎င်းဘောလုံးပြိုင်ပွဲကို ၂၀၂၆ ခုနှစ်၊ မေလ ၂၃ ရက်နေ့မှ မေလ ၂၅ ရက်နေ့ အထိ ကျင်းပမည်ဖြစ်ရာ ဗိုလ်လုပွဲနေ့တွင် ဆုများ ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)