ညောင်ဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၏ ပန်းတိုင်သီးနှံများ အထွက်နှုန်းကောင်းမွန်စေရန် နည်းပညာပေးဆောင်ရွက်

ညောင်ဦး မေ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ပန်းတိုင်သီးနှံများ အထွက်နှုန်းတိုးတက်စေရေးနှင့် သဘာဝမြေဩဇာများ စနစ်တကျသုံးစွဲစေရေး ဟောပြောပွဲကို မေ ၂၃ ရက်၊ နံနက် ၉ နာရီအချိန်က မြေနဲလေးကျေးရွာ၊ ဘက်စုံသုံးခန်းမ၌ ပညာပေးဟောပြောဆွေးခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၌ ပန်းတိုင်သီးနှံများမျိုးကောင်း၊ မျိုးသန့်သုံးစွဲရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ သွင်းအားစုဓာတ်မြေဩဇာများ အချိန်ကိုက်အချိုးကျသုံးစွဲရေး၊ သဘာဝမြေဩဇာများနှင့် ရောစပ်အသုံးပြုရေးနည်းလမ်းများအား မြို့နယ်ဦးစီးမှူးဒေါ်ခင်ဌေးရီက ဆွေးနွေးပြီး၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ချယ်ရီသန်း သီးနှံဘက်စုံကာကွယ် နှိမ်နင်းရေးနည်းလမ်းများ၊ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်တင်ဝင်းလှိုင်မှ Biochar ပြုလုပ်သုံးစွဲနည်း၊ ကောက်ရိုး၊ နှမ်းရိုးများဖြင့် သဘာဝမြေဆွေးပုံများ ပြုလုပ်သုံးစွဲနည်းများအား ကျေးရွာများအရောက် ကွင်းဆင်းဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း