မန္တလေးတိုင်းဒေသကြီး

ကျောက်ပန်းတောင်းမြို့၌ ဈေးများမီးဘေးလုံခြုံရေး အသိပညာပေး ဇာတ်တိုက်လေ့ကျင့်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာန တို့ပူးပေါင်း၍ ဈေးများမီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဇန်နဝါရီ  ၂၈ ရက် နံနက် ၈ နာရီက တမ္ပဝတီရပ်ကွက်ရှိ တမ္ပဝတီဈေးသစ်နှင့် ဈေးကွက်သစ်ရပ်ကွက်ရှိ မြို့မ စည်ပင်သာယာဈေးတို့တွင် ဆောင်ရွက်သည်။

ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် ဟောပြော

မန္တလေးတိုင်းဒေသကြီး  ပြင်ဦးလွင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ်ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲမှစ၍ ကျင်းပသည်။

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ‌စာဖတ်ဝိုင်း၊ ဟောပြောပွဲ နှင့် ပြပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက စာဖတ်ဝိုင်း၊ ဟောပြောပွဲနှင့် ပြပွဲများ ကျင်းပသည်။

မလှိုင်မြို့နယ်၌ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းအစီအစဉ်ဖြင့်(SMU)ချေးငွေများထုတ်ချေးပေး

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင်  ဝင်ငွေတိုးပွားရေးလုပ်ငန်းမှ ကျေးရွာသစ် လှုပ်ရှားမှု စီမံကိန်းအစီအစဉ်ဖြင့်(SMU) ချေးငွေများထုတ်ချေးပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက ရေချိုဘူတာကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာတွင်ပြုလုပ်သည်။

ကျောက်ဆည်မြို့နယ် အင်းကုန်းကျေးရွာ၌ ခရမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နေ့စဉ်ဝင်ငွေရသည့် ကာလတိုသီးနှံများဖြစ်သော ခရမ်း၊ ရုံပတီ၊ ကန်စွန်း၊ ဆလပ်၊ ဆူးပန်း၊ နံနံ၊ မုံညင်း စသည့်ဟင်းသီးဟင်းရွက်များ တစ်နိုင်တစ်ပိုင် ပိုမိုစိုက်ပျိုးလာကြောင်းသိရှိရပြီး အင်းကုန်းကျေးရွာ၌ စိုက်ပျိုးထားသော ခရမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

ကျောက်ဆည်မြို့နယ်၌ စားအုန်းဆီများ ရောင်းချ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းဝင် စားသုံးဆီအရောင်းဆိုင်များမှ ပြည်သူများ စားသုံးဆီဝယ်ယူသုံးစွဲရာ အထောက်အပံ့ရှိစေရေး ဇန်နဝါရီ ၂၇ ရက်က ကျေးရွာသုံးရွာနှင့် ရပ်ကွက်တစ်ခုတွင် ပြည်သူများအားဆီဝယ်ယူခွင့်စာအုပ်တစ်အုပ်လျှင် စားသုံးဆီနှစ်ပိဿာနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီးအဆင့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှုပိုမိုမြင့်မားစေရေး လုပ်ငန်းညှိနှိုင်း

မန္တလေးတိုင်းဒေသကြီးအဆင့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  မန္တလေး မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

သာစည်မြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်စည်းဝေး

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဇန်နဝါရီ ၂၇ ရက်နံနက် ၁၀ နာရီက မြို့နယ်သမဝါယမအသင်းစုရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ဈေးတွင် ဈေးလက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြ

မန္တလေးတိုင်း‌ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက် တံခွန်တိုင်စျေးတွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် စျေးလက်တွေ့မီးငြှိမ်းသတ်မူသရုပ်ပြလေ့ကျင့်ခြင်းကို ယ‌နေ့ နံနက်ပိုင်းက ဆောင်ရွက်သည်။

မြင်းခြံမြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ပြုလုပ်

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၉ နာရီက မြင်းခြံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး