မန္တလေးတိုင်းဒေသကြီးအဆင့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှုပိုမိုမြင့်မားစေရေး လုပ်ငန်းညှိနှိုင်း

ချမ်းအေးသာစံ ဇန်နဝါရီ ၂၈

မန္တလေးတိုင်းဒေသကြီးအဆင့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  မန္တလေး မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်က အမှာစကားပြောကြားခဲ့ပြီး ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရေးလုပ်ငန်းဆိုင်ရာ အသိပညာပေးဗီဒီယိုကလစ်ကို ပြသသည်။

အဆိုပါ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)