ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် ဟောပြော

ပြင်ဦးလွင် ဇန်နဝါရီ   ၂၈

မန္တလေးတိုင်းဒေသကြီး  ပြင်ဦးလွင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ်ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲမှစ၍ ကျင်းပသည်။

ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လွန်းနန်းထွေးက ပြိုင်ပွဲများကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ အသိပညာပေးဟောပြောသည်။ ဆက်လက်၍ ပြိုင်ပွဲများကို ကျင်းပရာ ပြိုင်ပွဲတစ်ခုတွင် ကျောင်းသား၊‌ ကျောင်းသူ(၁၅)ဦးစီဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

သွေးသွေး (ခရိုင် ပြန်/ဆက်)