မန္တလေးတိုင်းဒေသကြီး

ပြင်ဦးလွင်မြို့တွင် မုန့်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ Bakery အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို   ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းက ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန သင်တန်းခန်းမဆောင်၌  ကျင်းပသည်။

ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာ၌ မီးခိုးမြူ‌‌ငွေ့ဖြစ်‌ပေါ်သည့် မီး‌လောင်ကျွမ်းမှု(Fire Hotspots) ဖြစ်ပွားသဖြင့် ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာ အနောက်ဘက် ၂ မိုင်ခန့်အကွာရှိ ကြိုးပြင်ကာကွယ်တောတွင် လမ်းသွားလမ်းလာတစ်ဦးမှ မီးရှို့ခဲ့သဖြင့် ယနေ့နံနက်ပိုင်းက တောမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

တံတားဦးမြို့နယ်၌ ပန်းဂေါ်ဖီစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် ဇီးပင်ကွေ့ကျေးရွာ၌ ဆောင်းသီးနှံရာသီတွင် ဒေသခံတောင်သူများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် ပန်းဂေါ်ဖီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

ကျောက်ဆည်မြို့နယ်၌ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရသည့်လုပ်ငန်းများ ကွင်းဆင်းစစ်ဆေးအသိပညာပေး

နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ငွေများ အပြည့်အဝကောက်ခံရရှိရေး၊ အခွန်ထမ်း ပြည်သူများမှ အခွန်ကိုလိုလားကြည်ဖြူစွာ ထမ်းဆောင်လာစေရေးအတွက် မန္တလေးတိုင်း‌ဒေသကြီး ကျောက်ဆည်မြို့နယ်အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်နှင့်အဖွဲ့ဝင်များ ဇန်နဝါရီ ၂၆ ရက် မွန်းလွဲ ၃ နာရီက  ကွင်းဆင်းစစ်ဆေးသည်။

ချမ်းမြသာစည်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေး   

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီခွဲက လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ခြင်း၏အကျိုး အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ/ပြိုင်ပွဲများ ကျင်းပသည်။

ကျန်းမာပျော်ရွှင်ပြီး ထူးချွန်ထက်မြက်စေရေးတိုင်းရင်းဆေးပညာအကြောင်းအသိပညာပေး၊ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီ၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တိုင်းရင်းဆေးကုသရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်ပြီး ဘက်စုံထူးချွန်ထက်မြက်စေရေး ယနေ့နံနက် ၁၀ ပိုင်းက အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ တောင်နောက်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ တိုင်းရင်းဆေးပညာအကြောင်း အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်သည်။

မဟာအောင်မြေမြို့နယ်၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေး

‎မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

(၇၇) ကြိမ်မြောက် အိန္ဒိယသမ္မတနိုင်ငံတော်နေ့အထိမ်းအမှတ် ညစာစားပွဲအခမ်းအနား ကျင်းပ

(၇၇)ကြိမ်မြောက် အိန္ဒိယသမ္မတနိုင်ငံတော်နေ့ (Republic Day) အထိမ်းအမှတ် ညစာစားပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်ရှိ ibis Style Hotel တွင် ဇန်နဝါရီ ၂၆ ရက် ညပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မန္တလေးမြို့အခြေစိုက်အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် H.E. Mr. Sundeep Kaushal နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြသည်။

ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေး၌ မီးဘေးအန္တရာယ်လုံခြုံရေး စစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အေးမြကြည်လင်ဈေး၌ ဇန်နဝါရီလ ၂၇ ရက် နံနက်ပိုင်းက ခရိုင်မီးသတ်ဦးမှူး ဦးသက်နိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်ဇင်ဦး ဦးဆောင်သောတပ်ဖွဲ့ဝင်များမှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ မီးဘေးအန္တရာယ်လုံခြုံရေးစစ်ဆေးခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။

မန္တလေးမြို့ မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီးတွင် (၃၇)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင် အခမ်းအနား  ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူး၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆက်ကပ်လှူဒါန်းပူဇော်သည့် (၃၇)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို  မန္တလေးမြို့အောင်မြေသာစံမြို့နယ်ရှိ မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီး ၌  ဖေဖော်ဝါရီ ၁၀ ရက် တွင် ဆက်ကပ်လှူဒါန်းပူဇော်ပွဲကို ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး