မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်မြို့၌ ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလ စောင့်ထိန်းသူများနှင့် စည်ကား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများတွင် မဟာသင်္ကြန်ကာလအကြိုနေ့၌ စတုဒီသာကျွေးကုသိုလ်ယူသူများ၊ ဥပုသ်သီလစောင့်ထိန်းသူများနှင့် စည်ကားလျက်ရှိကြောင်းနှင့် ယနေ့နက် (၈) နာရီခွဲက ပြည်လုံးနိုင်ရပ်ကွက်၊ သရက်ခြံဘုန်းတော်ကြီးကျောင်းတွင် ဥပုသ်သီလစောင့်ထိန်းသူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်အသီးသီး၌ကျင်းပလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ရန်အောင်မြင်ရပ်ကွက်၊ မြသီတာပန်ခြံအတွင်း၌ ယနေ့နံနက် ၈ နာရီအချိန်က မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟို‌ရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။

မြင်းခြံမြို့၌ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့၌ ဧပြီလ ၁၃ ရက် နံနက် ၉ နာရီတွင် မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။ ဖွင့်ပွဲ အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့် အဖွဲ့ဝင်များ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

ငါန်းဇွန်မြို့နယ်တွင် ဆီကုန်သည်ကြီးများအသင်းမှ ပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာ ဆက်လက်ရောင်းချ

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ ဧပြီလ(၁၂)ရက် နံနက် (၈) နာရီမှစတင်၍  ညနေ(၄)နာရီထိ  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏  စီမံကွပ်ကဲမှုဖြင့် မြို့နယ်ဆီလုပ်ငန်းရှင် ကြီးများအသင်းမှ မြို့ပေါ်(၄)ရပ်ကွက်ရှိ  အိမ်ထောင်စုဝင်ပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီတစ်ပိဿာ ကျပ် (၈၂၀၀) နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ပြင်ဆင်ဆောင်ရွက်ထားရှိမှု ရာခိုင်နှုန်းပြည့်ပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းအတွင်းကျင်းပမည့် လမ်းလျှောက်သင်္ကြန် ဗဟိုမဏ္ဍပ်နှင့်ရေကစားမဏ္ဍပ် ဆောက်လုပ်ပြီးစီးမှု၊ အလှဆင်ထားမှု၊ သင်င်္ကြန်လာရောက်သူများ အလှဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးနိုင်ရေးဆောင်ရွက်ထားရှိမှုနှင့် စတုဒိသာမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်တည်ဆောက်ပြင်ဆင်ထားရှိမှု ရာခိုင်နှုန်းပြည့်ပြင် ဆင်ဆောင်ရွက်ထားရှိမှုတို့အား ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်တာဝန်ရှိသူများ ယနေ့နံနက် ၉ နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့၌ကျင်းပပြုလုပ်မည့် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ယဉ်ကျေးမှုယိမ်းအကများ၊ ခေတ်ပေါ်တေးဂီတနှင့် သီဆိုဖျော်ဖြေမှုများ၊ စတုဒိသာကျွေးခြင်းများ၊ လမ်းလျှောက်သင်္ကြန်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ သီးနှံစုံ (၅၂၇၁၅) ဧက လျာထားပြီး (၅၂၇၁၉) ဧက စိုက်ပျိုးနိုင်သည့်အတွက် လျာထားဧကအတွက် (၄) ဧက ပိုမိုစိုက်ပျိုးနိုင်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ရေရရှိရေးနည်းလမ်းဖြင့် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် စီမံကိန်းသီးနှံမျိုးစုံ (၅၂၇၁၅) ဧက လျာထားပြီးစိုက်ပျိုးလျက်ရှိရာ (၅၂၇၁၉) ဧက စိုက်ပျိုးနိုင်သည့်အတွက် လျာထားဧကထက် (၄) ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရှိရသည်။

မဟာအောင်မြေမြို့နယ် မဟာမြိုင်(၂)ရပ်ကွက်၌  မသန်းစွမ်းသူများအား ထောက်ပံ့ငွေများပေးအပ် 

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၂)ရပ်ကွက်၌  မသန်းစွမ်းသူများအား ထောက်ပံ့ငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက 62 Hotel တွင် ကျင်းပသည်။

မန္တလေးမြို့ကျုံးပတ်လည် လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များနှင့် စတုဒီသာမဏ္ဍပ်များ ပြင်ဆင်ဆောက်ရွက်ပြီးစီး

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းကမန္တလေးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကျုံးပတ်လည်တစ်လျှောက် လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များနှင့် ဈေးဆိုင်ခန်းများ ပြင်ဆင်ဆောက်ရွက်ပြီးစီးမှုကို လိုက်လံကြည့်ရှုသည်။

မြစ်သားမြို့နယ်အတွင်း နှမ်းဖြူစိုက်ပျိုးအပင်များ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက စားသုံးဆီဖူလုံပိုလျှံရေးအတွက် ကင်းတာဆည်ရေနှင့် ပန်းလောင်မြစ်မှ မြစ်ရေတင်ခြင်းတို့ဖြင့် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နှမ်းဖြူများကိုစိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုနှစ်တွင် နှမ်းဖြူများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး