မန္တလေးတိုင်းဒေသကြီး

မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသအား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်သွားရောက်ဖူးမြော်

ချမ်းအေးသာစံမြို့နယ်ရှိ မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်တွင် သီတင်းသုံးတော်မူနေသည့် မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသ သက်တော်ရှည် ဆရာတော်ကြီးအား မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့သည်  သွားရောက် ဖူးမြော်ခဲ့သည်။

နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစေရေး ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ခြင်းတောင်းယက်လုပ်နည်းသင်တန်း အခမဲ့ ဖွင့်လှစ်

နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစေရေး ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ဧပြီ ၂၁ ရက်နံနက် ၉ နာရီက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ခြင်းတောင်းယက်လုပ်နည်းသင်တန်း (အခမဲ့)ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

‎မဟာအောင်မြေမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ နံရံကပ်စာစောင်ပြပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

‎မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နံရံကပ် စာစောင်ပြပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများ လစဉ်ပုံမှန်ထုတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ဧပြီလအတွက် ပင်စင်လစာငွေများကို ဧပြီ ၂၁ ရက် နံနက် ၅ နာရီကစတင်၍ ထုတ်ပေးလျက်ရှိရာ အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ပင်စင်လစာလာရောက်ထုတ်ယူရာတွင် အခက်အခဲမရှိ လွယ်ကူ အဆင်ပြေစွာထုတ်ယူနိုင်ရန်အတွက် ဘဏ်ဝန်ထမ်းများက စီစဥ်ဆောင်ရွက်ပေးလျက်ရှိသည်။

စဉ့်ကူးမြို့တွင် မြန်မာ့စီးပွားရေးဘဏ်ခွဲဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၌ မြန်မာ့စီးပွားရေးဘဏ်ခွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်စွာ၀င်းခိုင်၊ မြို့နယ်စီမံခန့်ခွဲ​ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်း၊ မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်ခင်မိုးအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြန်မာ့စီးပွားရေးဘဏ်ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့သည်။

ပြည်တွင်းထုတ် ဒီဇယ်ဆီများအား ပျော်ဘွယ်မြို့နယ်အတွင်းရှိ တောင်သူများထံသို့ အထူး သက်သာသောဈေးနှုန်းဖြင့် လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူး ရောင်းချပေး

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ပူးပေါင်း၍ ပြည်တွင်းထုတ် ဒီဇယ်ဆီများကို ပျော်ဘွယ်မြို့နယ်အတွင်းရှိ တောင်သူများထံသို့ အထူးသက်သာသောဈေးနှုန်းဖြင့် လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးခြင်းကို ဧပြီလ ၂၀ ရက် ညနေ ၄ နာရီခွဲက ယင်းတော်မြို့မကျေးရွာအနီးတွင် ဆောင်ရွက်ခဲ့ကြသည်။

မိတ္ထီလာတက္ကသိုလ်၌ မူလတန်းပြဆရာဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်းဖွင့်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာတက္ကသိုလ်၌ မူလတန်းပြဆရာဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို ဧပြီ၂ဝရက် နံနက် ၈နာရီခွဲက အဆိုပါတက္ကသိုလ် ဝန်ဇင်းခန်းမတွင် ကျင်းပသည်။

ကျောက်ဆည်တက္ကသိုလ်၌ မူလတန်းပြ ဆရာ/ဆရာမများ အင်္ဂလိပ်စာအရည်အ‌သွေးမြှင့်သင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ကျောက်ဆည်တက္ကသိုလ်နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မူလတန်းပြ ဆရာ/ဆရာမများ၏ အင်္ဂလိပ်စာ သင်ကြား/သင်ယူမှုစနစ် ပိုမိုကျွမ်းကျင် အောင်မြင်တိုးတက်လာ‌စေပြီး အရည်အသွေးရှိသော ကျောင်းသား၊ ကျောင်းသူများ ပေါ်ပေါက်‌လာ‌စေရေးတို့ကို ရည်ရွယ်ကာ မူလတန်းပြဆရာ၊ ဆရာမများ အင်္ဂလိပ်စာ အရည်အသွေးမြှင့် သင်တန်းဖွင့်ပွဲကို ဧပြီလ ၂၀ ရက် နံနက် ၉ နာရီက အဆိုပါ တက္ကသိုလ်ရှိ ဧကရာဇ် ခန်းမ၌ ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့နယ် တိုက်နယ်(၃)၌ ငရုတ်သီးနှံ ၃၀ ဧက စိုက်ပျိုးပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ တိုက်နယ်(၁၂)ခုရှိပြီး နယ်မြေဒေသအလိုက် ငရုတ်သီးနှံများ  စိုက်ပျိုးလျက်ရှိရာ တိုက်နယ်(၃)အတွင်းရှိ ကျေးရွာအုပ်စုများတွင် ငရုတ်သီးနှံ ၃၀  ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

မြင်းခြံမြို့၌ မူလတန်းပြ ဆရာ၊ ဆရာမများ အင်္ဂလိပ်စာ အရည်အသွေးမြှင့်တင်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ မူလတန်းပြ ဆရာ၊ ဆရာမများ အင်္ဂလိပ်စာ အရည်အသွေးမြှင့်တင်သင်တန်း(Main Course) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက မြင်းခြံတက္ကသိုလ် ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး