မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသအား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်သွားရောက်ဖူးမြော်

ချမ်းအေးသာစံ  ဧပြီ ၂၁

ချမ်းအေးသာစံမြို့နယ်ရှိ မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်တွင် သီတင်းသုံးတော်မူနေသည့် မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသ သက်တော်ရှည် ဆရာတော်ကြီးအား မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့သည်  သွားရောက် ဖူးမြော်ခဲ့သည်။

ဦးစွာ သက်တော်ရှည်ဆရာတော်ကြီး သီတင်းသုံးနေတော်မူသည့် မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက်ရှိ မူလသိမ်ကျောင်းတော်ကြီးသို့ သွားရောက်ပြီး သက်တော်ရှည်ဆရာတော်ကြီး၏ ကျန်းမာရေးကို အနီးကပ်ပြုစု စောင့်ရှောက်ပေးနေသည့် ပရိယတ္တိစာသင်တိုက် တိုက်အုပ်ဆရာတော် မဟာဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တယာနိကအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ကဖူးမြော်ပြီး တိုက်အုပ်ဆရာတော်အား တိုင်းဒေသကြီးဝန်ကြီးချုပ်က လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း၍ သက်တော်ရှည် ဆရာတော်ကြီး၏ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ မေးမြန်းလျှောက်ထားပြီး ဩဝါဒများခံယူကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် သက်တော်ရှည်ဆရာတော်ကြီးမှာ မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်တွင် ကျန်းမာရေးကောင်းမွန်စွာဖြင့် သီတင်းသုံးတော်မူလျက်ရှိကြောင်း  သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)