ပျော်ဘွယ် ဧပြီ ၂၁
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ပူးပေါင်း၍ ပြည်တွင်းထုတ် ဒီဇယ်ဆီများကို ပျော်ဘွယ်မြို့နယ်အတွင်းရှိ တောင်သူများထံသို့ အထူးသက်သာသောဈေးနှုန်းဖြင့် လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးခြင်းကို ဧပြီလ ၂၀ ရက် ညနေ ၄ နာရီခွဲက ယင်းတော်မြို့မကျေးရွာအနီးတွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ရောင်းချပေးရာတွင် ပျော်ဘွယ်မြို့နယ်အတွင်း နွေသီးနှံစိုက်ပျိုးရာသီ၌ နွေစပါးသီးနှံများ စိုက်ပျိုးရေးအတွက် မြေယာပြုပြင်ရန်ကျန်ရှိသော စိုက်ပျိုးမြေဧက ၂၂၁ ဧက အတွက် တစ်ဧကလျှင် စက်သုံးဆီတစ်ဂါလန်နှုန်းဖြင့် ပြည်တွင်းထုတ်ဒီဇယ်ဆီ ၂၂၁ ဂါလန်ကို ပျော်ဘွယ်မြို့နယ်၊ ယင်းတော်မြို့မကျေရွာအုပ်စုနှင့် အနီးဝန်းကျင်ကျေးရွာများမှ တောင်သူများအတွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍသုံး စက်ပစ္စည်းများတွင်အသုံးပြုရန် တောင်သူများ လက်ဝယ်အရောက် တစ်ဂါလံ တစ်သောင်းကျပ်နှုန်း၊ လက်ငင်းငွေချေစနစ်ဖြင့် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးခြင်းဖြစ်သည်။
ထိုကဲ့သိုရောင်းချနေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုး၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုကြီးကြပ်ရေးအဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)